ဘယ်သူ့ကြောင့်ယူနိုက်တက်မှာဆက်နေဖြစ်တယ်ဆိုတာကို ဖွင့်ဟသွားတဲ့ ကာဗာနီ

စာချုပ်သစ်သက်တမ်းတိုးပြီးနောက်ပရိတ်သတ်တွေ ကျေနပ်စေမယ့် ကတိမျိုး ပေးသွားခဲ့တဲ့ ကာဗာနီ ယူနိုက်တက် အသင်းကတော့ ယနေ့မှာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှုးကြီး အက်ဒီစင် ကာဗာနီ ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ် ဆိုသွားခဲ့ပါတယ်။ဒါ့ကြောင့် ဒီရာသီမှာ ၃၂ ပွဲပါ၀င်ကစားထားပြီး ၁၅ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားသူ ကာဗာနီဟာ လာမယ့် ၂၀၂၂ ခုနှစ် ဇွန်လအထိ ယူနိုက်တက် မှာဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ကာဗာနီ က စာချုပ်သစ် ချုပ်ဆိုပြီး ချိန်မှာ ၎င်းရဲ့ ပရိတ်သတ်တွေကို ပျော်ရွင်မှု တွေပေးစွမ်းနိုင် ဖို့ အကောင်းဆုံး ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ် လို့ ကတိပေးသွားခဲ့ပီး အသင်းဖေါ်တွေနဲ့ ပရိတ်သတ်တွေက သူ့ကို ဆက်နေစေခြင်တယ်လို့ ခံစားရတာကြောင့် အသင်းမှာ ဆက်နေဖြစ်တယ်ဆိုတဲ့Continue reading “ဘယ်သူ့ကြောင့်ယူနိုက်တက်မှာဆက်နေဖြစ်တယ်ဆိုတာကို ဖွင့်ဟသွားတဲ့ ကာဗာနီ”

မက်ဆီကို သက်တမ်းတိုးဖို့အတွက် ထိပ်တန်းကစားသမား(၄)ဦးရဲ့ လစာကို လျှော့ချရဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ဇူလိုင်(၁)ရက်နေ့ကနေ စတင်ပြီး ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရပြီး Free Agent ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ လီယွန်နယ်မက်ဆီကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ ခေါ်ယူချင်နေကြပေမယ့်လည်း မက်ဆီရဲ့ လုပ်ခလစာ မြင့်မားလွန်းမှုကြောင့်ရော ကစားသမားကိုယ်တိုင်ကပါ ဘာစီလိုနာအသင်းမှာသာ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတာကြောင့်ပါ မက်ဆီကို အခြားကလပ်အသင်းတွေမှာထက် ဘာစီလိုနာမှာပဲ ဆက်လက်မြင်တွေ့ရဖို့က ရာခိုင်နှုန်း ပိုများနေရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမား မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လုံးဝလက်မလွတ်သွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတာကြောင့် သက်တမ်းတိုးနိုင်ဖို့ကို အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အသင်းရဲ့ စီးပွားရေးက ထိခိုက်နေရတဲ့အပြင် အသင်းကနေ ကစားသမားတွေအတွက် လစာပေးချေရမှာလည်း လာလီဂါကနေ သတ်မှတ်ထားတဲ့ ပမာဏထက် (၄၀)%ကျော်တောင် ကျော်လွန်နေတာဖြစ်လို့ မက်ဆီကိုContinue reading “မက်ဆီကို သက်တမ်းတိုးဖို့အတွက် ထိပ်တန်းကစားသမား(၄)ဦးရဲ့ လစာကို လျှော့ချရဖွယ် ရှိနေတဲ့ ဘာစီလိုနာ”

ေနာက်ဆုံးရသတင်းများ

နောက်ဆုံးရ အပြီးသတ် အပြောင်းအရွှေ့သတင်းများ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းကနေ ပေါ်တိုအသင်းဆီမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆာဘီးယား ကွင်းလယ်ကစားသမား မာကိုဂရုဂျစ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ပေါ်တိုအသင်းဆီကို ယူရို(၁၂)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းဟာ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းရဲ့ နိုင်ဂျီးရီးယား ကွင်းလယ်ခံစစ်ကစားသမား ဖရန့်အွန်ယီကာကို ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းခန့်နဲ့ ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဝေးလ်စ် ဝါရင့်ဂိုးသမားကြီး ဝိန်းဟန်နက်ဆီကို ဘန်လေအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး (၂)နှစ်စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေးတွေကို နေရာပေးလေ့ရှိတဲ့ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းကြီး ဒေါ့မွန်အသင်းဟာ ပီအက်စ်ဂျီ လူငယ်အသင်းရဲ့ (၁၆)နှစ်အရွှယ် ဂါနာကွင်းလယ်ကစားသမားလေး အဒူလာယီကာမာရာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီContinue reading “ေနာက်ဆုံးရသတင်းများ”

လာမယ့်ဘောလုံးရာသီကို ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆက်လက်ဖြတ်သန်းသွားမယ့် ဂါရတ်ဘေးလ်

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းဟောင်း စပါးအသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့တဲ့ ဝေးလ်စ်တောင်ပံကစားသမားကြီး ဂါရတ်ဘေးလ်ဟာ လက်ရှိအချိန်မှာ သူရဲ့အငှားစာချုပ်က ပြည့်မြောက်သွားခဲ့ပြီဖြစ်လို့ မူလကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်သလို ရီးယဲလ်အသင်းကလည်း သူနဲ့အဆင်မပြေ ဖြစ်နေတဲ့ နည်းပြဇီဒန်း ကိုင်တွယ်နေတာ မဟုတ်တော့ပဲ သူ့ကို ရီးယဲလ်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ နည်းပြအန်စလော့တီ ကိုင်တွယ်နေတာဖြစ်လို့ ဘေးလ်အနေနဲ့ လာမယ့်ရာသီမှာတော့ ရီးယဲလ်မှာသာ ဆက်လက်ရှိနေလိမ့်မယ်လို့ AS ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဘေးလ်ဟာ ရီးယဲလ်အသင်းမှာ နည်းပြဟောင်း ဇီဒန်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာဖြစ်လို့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ သူရဲ့အသင်းဟောင်း စပါးအသင်းဆီကို အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး စပါးအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၄)ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုးပေါင်း (၁၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။Continue reading “လာမယ့်ဘောလုံးရာသီကို ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆက်လက်ဖြတ်သန်းသွားမယ့် ဂါရတ်ဘေးလ်”

ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားများစွာကို ရယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေတဲ့ ဒီပိုင်း

အခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းက သူရဲ့တိုက်စစ်ကစားဟန်ကြောင့် အသင်းသစ် ဘာစီလိုနာမှာ အံ့ဝင်အောင် ကစားနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာကိုပါ ရယူသွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ပီအက်စ်ဗွီလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း (၂)နှစ်နီးပါး ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်မှာ အံ့မဝင်နိုင်ခဲ့တဲ့ ဒီပိုင်းဟာ ၂၀၁ရခုနှစ်မှာပဲ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ခဲ့ရပြီး လိုင်ယွန်မှာတော့ သူရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခဲ့သလို အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးခံခဲ့ရပါတယ်။ ဒါပေမယ့် လိုင်ယွန်မှာ (၄)နှစ်ဝန်းကျင်လောက် ပါဝင်ခဲ့ပြီးတဲ့နောက်မှာ သူရဲ့နယ်သာလန်နည်းပြဟောင်း ရော်နယ်ကိုးမန်းရှိရာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရရှိခဲ့တာနဲ့ပတ်သက်ပြီး ဒီပိုင်းက “ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ခွင့်Continue reading “ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားများစွာကို ရယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေတဲ့ ဒီပိုင်း”

အသင်းမှာ နေရာရလာဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချယ်လ်ဆီး နောက်ခံလူ မာလန်ဆား ကြုံးဝါး

ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ချက်ချင်းဆိုသလို ပေါ်တိုအသင်းကို တစ်ရာသီအငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ရတဲ့ နောက်ခံကစားသမားလေး မာလန်ဆားက လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကာ အသင်းမှာ ပုံမှန်နေရာရလာဖို့အတွက် အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လူငယ် နောက်ခံကစားသမားလေး မာလန်ဆားဟာ နိုက်စ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ နိုက်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့လို့ ချယ်လ်ဆီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက မာလန်ဆားကို အသင်းမှာ ချက်ချင်းအသုံးပြုသွားဖို့ ဆန္ဒမရှိသေးတဲ့အတွက် ပွဲထွက်ခွင့်တွေ ရရှိရအောင် ပေါ်တိုအသင်းဆီ တစ်ရာသီ အငှားချခဲ့ပြီး ဆားက ပေါ်တိုမှာ ပြိုင်ပွဲစုံ (၁၉)ပွဲအထိ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ အခုတော့ မာလန်ဆားဟာ ပေါ်တိုနဲ့Continue reading “အသင်းမှာ နေရာရလာဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချယ်လ်ဆီး နောက်ခံလူ မာလန်ဆား ကြုံးဝါး”

အီတလီကြယ်ပွင့် အင်ဆစ်ဂနီရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်တဲ့ နာပိုလီအသင်း

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ရတဲ့ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား လော်ရန်ဇိုအင်ဆစ်ဂနီကို အီတလီထိပ်သီး ကလပ်အသင်းများစွာအပြင် ပရီးမီးယားလိဂ်က စပါးအသင်းကနေလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတာကြောင့် နာပိုလီအသင်းကနေ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃၀) သတ်မှတ်ထားတယ်လို့ Corriere Dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၀)အရွှယ်ရှိ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား အင်ဆစ်ဂနီဟာ ၂၀၀၆ခုနှစ်ကတည်းက နာပိုလီ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး စီနီယာအသင်းအတွက် ပွဲထွက်မကစားရခင် အီတလီကလပ်အသင်း (၃)သင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါသေးတယ်။ အငှားကစားသမားဘဝနဲ့ (၃)နှစ်နီးပါးလောက် ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ အင်ဆစ်ဂနီဟာ ၂၀၁၂ခုနှစ်နောက်ပိုင်း နာပိုလီအသင်းကြီးမှာ ပါဝင်ကစားခဲ့ရပြီး အခုဆို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်လည်း ဖြစ်နေရသလို အသင်းခေါင်းဆောင်တာဝန်ကိုပါ ရယူထားနိုင်တာဖြစ်ပါတယ်။ နာပိုလီအသင်းနဲ့အတူ ကိုပါအီတလီယာဖလား(၂)ကြိမ်Continue reading “အီတလီကြယ်ပွင့် အင်ဆစ်ဂနီရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်တဲ့ နာပိုလီအသင်း”

Football is beautiful GAME❤

ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ် ဂန္တဝင်အသင်းနဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းတို့ရဲ့ ခြေစမ်းပွဲ အတွက် လက်မှတ်တွေ အားလုံးနီးပါး ရောင်းကုန်သွားပြီလို့ သိရပါတယ်။ အဆိုပါ ခြေစမ်းပွဲကို အစ္စရေးလ်နိုင်ငံမှာ ကျင်းပသွားမယ်လို့ သိထားရပြီး ပွဲစဉ်ကနေ ရရှိလာတဲ့ ငွေကြေးတွေ အားလုံးကို ပြန်လည် လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရီးရဲလ်မက်ဒရစ် ဂန္တဝင် ကစားသမားတွေနဲ့ ဘာစီလိုနာ ဂန္တဝင် ကစားသမားတွေဟာ ပွဲအတွက် အစ္စရေးလ်နိုင်ငံကို ရောက်ရှိနေကြပြီး ပွဲမတိုင်မီ ပျော်ရွှင်စွာ နှုတ်ဆက်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ “Football is a beautiful game” ❤️❤️❤️

တိုက်စစ်မှူးသစ် ခေါ်ယူဖို့အတွက် ဗာနာကို ပြန်လည်ရောင်းချပြီး အသုံးစရိတ်ရှာဖို့ ချယ်လ်ဆီး ပြင်ဆင်နေ

ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အလိုရှိနေတဲ့ ကစားသမားတွေရဲ့ တန်ကြေးတွေက မြင့်မားလွန်းနေတဲ့အတွက် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမိုဗာနာကိုပါ အသင်းကနေ ပြန်လည်ရောင်းချပြီး အသုံးစရိတ် ပြန်ရှာသွားဖွယ် ရှိနေတယ်လို့ Sky Sports Germany ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ လိုက်က်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အသင်းဟောင်း လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သွင်းဂိုးစုစုပေါင်း (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဗာနာဟာ အခုအသင်းသစ် ချယ်လ်ဆီးမှာတော့ သူရဲ့သွင်းဂိုးက (၁၂)ပဲ ရှိနေခဲ့ရတဲ့အထိ ဂိုးသွင်းစွမ်းရည် ကျဆင်းနေခဲ့ရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးဘက်က အခု နွေစျေးကွက်အတွင်း တိုက်စစ်မှူးသစ်Continue reading “တိုက်စစ်မှူးသစ် ခေါ်ယူဖို့အတွက် ဗာနာကို ပြန်လည်ရောင်းချပြီး အသုံးစရိတ်ရှာဖို့ ချယ်လ်ဆီး ပြင်ဆင်နေ”

အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို သက်တမ်းတိုးမြှင့်သွားဖို့ ခက်ခဲလို့နေတဲ့ လီဗာပူးလ်

ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာ အနားယူနေရာကနေ ပြန်လည်သက်သာလာခဲ့ပြီး အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်းမှာပါ ပါဝင်ကစားနိုင်ခဲ့သေးတဲ့ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆန်ကို လီဗာပူးလ်အသင်းဘက်ကနေ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ဘာမှထူးခြားလာခြင်း မရှိပဲ သက်တမ်းတိုးမယ့် အခြေအနေတွေ ရှုပ်ထွေးလျက် ရှိနေတာကြောင့် ကစားသမားရဲ့ အနာဂတ် အခြေအနေတွေပါ လှုပ်ခတ်လာနေခဲ့တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၁ခုနှစ်မှာပဲ ဆန်းဒါးလန်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကနေ စတီဗင်ဂျရတ် ထွက်ခွာသွားခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေစတင်ပြီး အသင်းခေါင်းဆောင် တာဝန်ကိုပါ လွှဲပြောင်းရရှိခဲ့တဲ့ ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ပရီးမီးယားလိဂ်ဖလား (၁)ကြိမ် ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ (၁)ကြိမ်စီ ပိုင်ဆိုင်နိုင်ခဲ့ကာContinue reading “အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို သက်တမ်းတိုးမြှင့်သွားဖို့ ခက်ခဲလို့နေတဲ့ လီဗာပူးလ်”

Design a site like this with WordPress.com
Get started