ဘယ်သူ့ကြောင့်ယူနိုက်တက်မှာဆက်နေဖြစ်တယ်ဆိုတာကို ဖွင့်ဟသွားတဲ့ ကာဗာနီ

စာချုပ်သစ်သက်တမ်းတိုးပြီးနောက်ပရိတ်သတ်တွေ ကျေနပ်စေမယ့် ကတိမျိုး ပေးသွားခဲ့တဲ့ ကာဗာနီ

ယူနိုက်တက် အသင်းကတော့ ယနေ့မှာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှုးကြီး အက်ဒီစင် ကာဗာနီ ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ် ဆိုသွားခဲ့ပါတယ်။
ဒါ့ကြောင့် ဒီရာသီမှာ ၃၂ ပွဲပါ၀င်ကစားထားပြီး ၁၅ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားသူ ကာဗာနီဟာ လာမယ့် ၂၀၂၂ ခုနှစ် ဇွန်လအထိ ယူနိုက်တက် မှာဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ကာဗာနီ က စာချုပ်သစ် ချုပ်ဆိုပြီး ချိန်မှာ ၎င်းရဲ့ ပရိတ်သတ်တွေကို ပျော်ရွင်မှု တွေပေးစွမ်းနိုင် ဖို့ အကောင်းဆုံး ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ် လို့ ကတိပေးသွားခဲ့ပီး အသင်းဖေါ်တွေနဲ့ ပရိတ်သတ်တွေက သူ့ကို ဆက်နေစေခြင်တယ်လို့ ခံစားရတာကြောင့် အသင်းမှာ ဆက်နေဖြစ်တယ်ဆိုတဲ့ အကြောင်း ကို ဖွင့်ဟ သွားခဲ့ပါတယ်။ ကာဗာနီက

“အသင်းဖော်တွေနဲ့ကျနော့်ကြား၊ ဒီနေရာကနောက်ကွယ်မှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေနဲ့ကျနော့်ကြားမှာ နက်ရှိုင်းတဲ့ဆက်နွယ်မှုတစ်ခုရှိနေတယ်လို့ ကျနော်ခံစားမိတယ်။ ဒီလူတွေဟာ ကျနော့်ကို နေ့တိုင်းလိုလိုတက်ကြွမှုတွေပေးနေတဲ့ပုဂ္ဂိုလ်တွေပါ။ ကျနော်တို့အားလုံးအတူတူပေါင်းစည်းပြီး ထူးခြားတဲ့အောင်မြင်မှုေတွကိုအရယူနိုင်ပါတယ်””ကျနော်ဒီကိုစရောက်လာတဲ့အချိန်ကတည်းက ကျနော့်အပေါ်ထားတဲ့နည်းပြရဲ့ယုံကြည်မှုကိုခံစားမိတယ်။ ကစားသမားတစ်ယောက်အတွက်တော့ နည်းပြရဲ့ဒီလိုယုံကြည်မှုမျိုးဆိုတာ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုပြနိုင်မယ့်အကောင်းဆုံးအခွင့်အရေးတစ်ရပ်ပါပဲ။ ဒီအတွက်လည်း နည်းပြကိုကျနော်ကျေးဇူးတင်ပါတယ်”

“ပရိသတ်ပေါင်းများစွာက ကျနော့်ကိုဒီမှာဆက်နေစေချင်သေးတာကိုသိရတဲ့အတွက် ကျနော်ဝမ်းသာတယ်။ သူတို့အတွက်ပျော်ရွှင်မှုဆိုတာကိုဆောင်ကျဥ်းပေးနိုင်ဖို့ ကျနော့်ဘက်ကဘာမဆိုပေးဆပ်သွားမှာပါ။ ကွင်းထဲကကျနော့်ရဲ့ခြေစွမ်းတွေနဲ့လည်း သူတို့ကိုပျော်အောင်ထားမှာပါ။ အိုးလ်ထရက်ဖို့ဒ်ကပရိသတ်တွေအရှေ့မှာ အခုထိ ကျနော်မကစားဖူးသေးဘူး။ ဒီအခွင့်အရေးကိုလည်းကျနော်မေစာင့်နိုင်တော့ပါဘူး”ဟု ပြောကြားသွားခဲ့ပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started