Football is beautiful GAME❤

ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ် ဂန္တဝင်အသင်းနဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းတို့ရဲ့ ခြေစမ်းပွဲ အတွက် လက်မှတ်တွေ အားလုံးနီးပါး ရောင်းကုန်သွားပြီလို့ သိရပါတယ်။ အဆိုပါ ခြေစမ်းပွဲကို အစ္စရေးလ်နိုင်ငံမှာ ကျင်းပသွားမယ်လို့ သိထားရပြီး ပွဲစဉ်ကနေ ရရှိလာတဲ့ ငွေကြေးတွေ အားလုံးကို ပြန်လည် လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ရီးရဲလ်မက်ဒရစ် ဂန္တဝင် ကစားသမားတွေနဲ့ ဘာစီလိုနာ ဂန္တဝင် ကစားသမားတွေဟာ ပွဲအတွက် အစ္စရေးလ်နိုင်ငံကို ရောက်ရှိနေကြပြီး ပွဲမတိုင်မီ ပျော်ရွှင်စွာ နှုတ်ဆက်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။

“Football is a beautiful game” ❤️❤️❤️

Leave a comment

Design a site like this with WordPress.com
Get started