YSCC Yokohama အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခွင့် ရရှိသွားတဲ့ ပြည့်လျှံအောာင်

စစ်အာဏာ သိမ်းမှု ကို ထင်ထင်ပေါ်ပေါ် ဆန့်ကျင်ပြခဲ့တဲ့ မြန်မာ့ လက်ရွေးစင် ဂိုးသမား ပြည့်လျံအောင် ဟာ ဂျပန် နိုင်မှာ ဘဝသစ် စတင်နိုင်ဖို့ အခွင့်အရေး တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဂျပန် တတိယတန်း ဘောလုံး ကလပ်တစ်ခု ဖြစ်တဲ့ YSCC Yokohama အသင်းမှာ လေ့ကျင့်ခန်း အတူတူဆင်းခွင့် ရရှိတော့မှာဖြစ်ကြောင်း ဒီကနေ့ထုတ် ဂျပန် သတင်းစာတွေက ရေးသားလျှက် ရှိနေကြပါတယ်။ ဂျပန် အစိုးရဟာ မြန်မာ့ နိုင်ငံရေး ပဋိပက္ခ ကာလ အတွင်း သူတို့နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေ အခက်မတွေ့စေဖို့ အတွက် ဗီဇာသက်တမ်း ကုန်ဆုံးခါနီးတဲ့ အလုပ်သမားတွေကို သက်တမ်း 6 လ (သို့) ကျွမ်းကျင်Continue reading “YSCC Yokohama အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခွင့် ရရှိသွားတဲ့ ပြည့်လျှံအောာင်”

လာကာဇက်ကို ရောင်းထုတ်ပြီး အေဘရာဟမ်ကို ပြန်လည်ခေါ်ယူသွားမယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းကတော့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေပြီး သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ချယ်လ်ဆီးအသင်းမှာ နေရာပျောက်ဆုံးနေရတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၀)အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ ၂၀၁ရခုနှစ်ကမှ လိုင်ယွန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်နှစ်အတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အာဆင်နယ်အသင်းဘက်ကနေ တိုက်စစ်မှူးလာကာဇက်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိပဲ အခုနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေသာ ရောင်းထုတ်သွားဖွယ် ရှိနေရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ လတ်တလောမှာ လာကာဇက်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေကို ရှာဖွေလျက်ရှိနေပြီး လာကာဇက်ကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင်လည်း သူ့နေရာမှာ အေဘရာဟမ်နဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။ အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်တိုက်စစ်ကစားသမားContinue reading “လာကာဇက်ကို ရောင်းထုတ်ပြီး အေဘရာဟမ်ကို ပြန်လည်ခေါ်ယူသွားမယ့် အာဆင်နယ်အသင်း”

ဝါရင့်ခံစစ်မှူး အယ်ဒါဝီရယ်ကို ကာတာကလပ်အသင်းဆီ ရောင်းချသွားဖို့ သဘောတူညီခဲ့တဲ့ စပါး

ဒီရက်ပိုင်းအတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်းတိုးခဲ့ပြီိး အသင်းရဲ့ပစ်မှတ် ဂိုးသမားဂိုလီနီကို အရခေါ်ယူနိုင်ခဲ့တဲ့ စပါးအသင်းဟာ အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး တိုဘီအယ်ဒါဝီရယ်ကိုတော့ ကာတာထိပ်သီးကလပ် အယ်ဒူဟေးလ်အသင်းဆီကို ရောင်းချသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အယ်ဒါဝီရယ်ဟာလည်း မကြာခင်မှာပဲ အရှေ့အလယ်ပိုင်းမှာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းသွားရတော့မှာဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံကစားသမားကြီး တိုဘီအယ်ဒါဝီရယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၄၃)ပွဲအထိကို ပါဝင်ကစားထားပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းက ခံစစ်ပိုင်းကို အပြောင်းအလဲများစွာ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဆီဗီလာနောက်ခံလူ ခွန်ဒယ် ဝုလ်ဗ်နောက်ခံလူ ကော်နာကိုဒီနဲ့ အတ္တလန်တာ နောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးတို့ကို ပစ်မှတ်ထားနေတဲ့အတွက် အသင်းရဲ့ခံစစ်ပိုင်းက အယ်ဒါဝီရယ်အပါအဝင် ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေတာContinue reading “ဝါရင့်ခံစစ်မှူး အယ်ဒါဝီရယ်ကို ကာတာကလပ်အသင်းဆီ ရောင်းချသွားဖို့ သဘောတူညီခဲ့တဲ့ စပါး”

မန်ယူကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို နောက်ခံလူ အမ်တီတီနဲ့ လဲလှယ်သွားချင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီကို အသုံးပြုပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေရတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေခဲ့ရသလို ပွဲစဉ်အများစုမှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရပဲ အရန်ကစားသမားအဖြစ်နဲ့ အချိန်ကုန်နေရတာကြောင့် သူရဲ့ယူနိုက်တက်ကစားသမားဘဝ အနာဂတ် အနေအထားတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာကလည်း ပေါ့ဘာ ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးတို့လို ကွင်းလယ်ကစားသမားတွေ များပြားနေတာကြောင့် ဗန်ဒယ်ဘိခ်အနေနဲ့ အသင်းမှာ နေရာရဖို့ ခက်ခဲနေရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဗန်ဒယ်ဘိခ်ကို ဥရောပ ကလပ်အသင်းပေါင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်းContinue reading “မန်ယူကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို နောက်ခံလူ အမ်တီတီနဲ့ လဲလှယ်သွားချင်နေတဲ့ ဘာစီလိုနာ”

ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ မန်ယူအသင်း

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဂျာမန် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။ အသက် ၂၆နှစ် အရွယ် ဂျာမဏီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အလားအလာ မရှိပါဘူး။ ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အခွန်မဆောင်မီ လုပ်ခလစာ တနှစ်ကို ယူရို ၂၀သန်း အထိ လိုချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့Continue reading “ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ မန်ယူအသင်း”

ရက်ပိုင်းအတွင်းမှာပဲ အသင်းအပြောင်းအရွေ့ ဖြစ်ပေါ်ဖွယ်ရှိနေတဲ့ ဒါလော့

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ မန်ယူနိုက်တက် နောက်ခံအစွန်လူ ဒီယေဂိုဒါလော့ကို နောက်ထပ်တစ်ရာသီ ထပ်မံအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး တစ်ရာသီ အငှား + အပြီးသတ်ခေါ်ယူခွင့် ဖြင့် ကမ်းလှမ်းမာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဝမ်ဘစ်ဆာခါကို ခေါ်ယူခဲ့ပြီးနောက် ဒါလော့ရဲ့ ပုံမှန် ပွဲထွက်ခွင့် လျော့နည်းလာပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ စီအေစီမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီအတွင်း အေစီမီလန်အသင်းမှာ အသင်းနဲ့ အလျင်အမြန်ပဲ အထိုင်ကျကာ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၃၃ ပွဲအထိကို ပါဝင်ကစားခွင့်လည်း ရခဲ့ပါတယ်။ ယူနိုက်တက်ဘက်ဟာ အသင်းကိုပြန်ရောက်လာတဲ့ ဒါလော့ကိုContinue reading “ရက်ပိုင်းအတွင်းမှာပဲ အသင်းအပြောင်းအရွေ့ ဖြစ်ပေါ်ဖွယ်ရှိနေတဲ့ ဒါလော့”

စစ်တမ်းတွေအရ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကွင်းလယ်လူဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

စစ်တမ်းတွေအရ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကွင်းလယ်လူဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ် ၂၀၂၁ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူစာရင်းမှာတော့ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Football Transferနဲ့ SciSportsတို့ဟာ ကွင်းလယ်လူတွေရဲ့ အသက် ၊ ခြေစွမ်း ၊ စာချုပ်သက်တမ်း ၊ အကျိုးသက်ရောက်မှု စတဲ့ အချက်တွေ အပေါ် မူတည်ကာ သတ်မှတ်ပေးခဲ့ပြီး ယူနိုက်တက် နဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်ဟာယူရို ၁၀၂သန်းနဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူဖြစ်ခဲ့ပါတယ်။ ဒုတိယနေရာမှာ ပီအက်စ်ဂျီနဲ့ ဘရာဇီးတို့ရဲ့ ကွင်းလယ် ကစားသမား မာကွင်ဟိုက ယူရို ၉၅.၅သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာကတော့ ဘာစီလိုနာအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်က ယူရို ၉၁.၂သန်းနဲ့ ရပ်တည်‌Continue reading “စစ်တမ်းတွေအရ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကွင်းလယ်လူဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်”

ပေါ့ဘာကို ပေါင်(၄၃)သန်းဝန်းကျင်နဲ့သာ စတင်ကမ်းလှမ်းသွားဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ

လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ တရားဝင် ကမ်းလှမ်းမှု တစ်စုံတစ်ရာကို လုပ်ဆောင်ထားခြင်းမရှိသေးဘူးလို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပြီးနောက် Daily Mail သတင်းစာကနေပါ ပီအက်စ်ဂျီအနေနဲ့ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄၃)သန်းဝန်ကျင်လောက်နဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ Manchester Evening News သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေနဲ့ အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူထားနိုင်ခဲ့ပေမယ့်လည်း တရားဝင် ကမ်းလှမ်းချက်တွေကိုတော့ လုပ်ဆောင်လာသေးခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ပေါ့ဘာကို ယူနိုက်တက်ဘက်က အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့်Continue reading “ပေါ့ဘာကို ပေါင်(၄၃)သန်းဝန်းကျင်နဲ့သာ စတင်ကမ်းလှမ်းသွားဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ”

ပရိသတ်တွေကို မျက်စိလည်သွားစေမယ့် ပရော်ဖက်ရှယ်နယ် ဘောလုံးသမားတွေရဲ့ အမည်အရင်းများ

နာမည်မှာ ဘာနေဗျူး လို့ မှည့်ထားတဲ့ သူတစ်ယောက် က ဘာစီလိုနာ ရဲ့ အမာခံ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ ပါတယ် ။ အဲ့ဒါကတော့ ပီကေး ပါပဲ ၊ ပီကေး ရဲ့ အမည်အပြည့်အစုံက ဂျရတ်ပီကေး ဘာနေဗျူး ပါ ။ ထူးဆန်းတဲ့ ကိစ္စပဲ မဟုတ်လားဗျ ။ ဒါပေမယ့် ဒါက အရမ်းကြီး မထူးဆန်းပါဘူး ။ အခု ဆက်ပြီး ပြောပြမယ့် အကြောင်းကတော့ ပရိသတ်ကြီးတို့ကို မျက်စိလည်ပြီး လျှာတွေ လိပ်သွားစေ နိုင်တာကြောင့်ပါပဲ ။ ဒီနာမည် ၃ ခု ကို ကြည့်လိုက်ရအောင် . . . အက်ဆန်အန်တေဒို နာဆီမန်တို ၊Continue reading “ပရိသတ်တွေကို မျက်စိလည်သွားစေမယ့် ပရော်ဖက်ရှယ်နယ် ဘောလုံးသမားတွေရဲ့ အမည်အရင်းများ”

ယူရို ပြိုင်ပွဲကြောင့် ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံ လူစာရင်းမှာ အဆင့် ခုန်တက်သွားတဲ့ လုခ်ရှော

ယူရို ပြိုင်ပွဲကြောင့် ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံ လူစာရင်းမှာ အဆင့် ခုန်တက်သွားတဲ့ လုခ်ရှော ဘောလုံးလောကရဲ့ ယခုနောက်ပိုင်းကာလတွေမှာ ခံစစ်အစွန်လူတွေဟာ ခံစစ်ကြီး သက်သက် ကစားရတာ မဟုတ်တော့ဘဲ တိုက်စစ်ကို ပါ လိုက်ပါရတဲ့ လုပ်အားနှုန်း ပါကောင်းမွန်မှသာ အဆင့်အတန်းမှီတဲ့ ခံစစ် အစွန်လူတစ်ယောက် အဖြစ် နဲ့ သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။Full Backတွေဟာ ဗဟိုနောက်ခံလူတွေလို တချိန်လုံး ခံစစ်ကူနေရတာမျိုး မဟုတ်ပေမယ့်တဖက်အသင်း တိုက်စစ်ဆင်လာရင် နောက်ကို အပြည့်အဝ ကူညီနိုင်ရမယ့် တာဝန်ရှိပါတယ်။ယူနိုက်တက် အသင်းမှာလည်း ဘယ်နောက်ခံနေရာမှာ တစ်နေရာစာ အပိုင် ပါ၀င်ကစားခွင့် ရရှိထားတဲ့ လုခ်ရှောဟာ ဒီရာသီ မှာ အကောင်းဆုံး စွမ်းဆောင် ရည်တွေကို ပြသထားပြီး ပရီးမီးယားလိဂ်ရဲ့ ရောဘတ်တိုကားလိုစ်လို့တောင် ချစ်စနိုး နဲ့Continue reading “ယူရို ပြိုင်ပွဲကြောင့် ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံ လူစာရင်းမှာ အဆင့် ခုန်တက်သွားတဲ့ လုခ်ရှော”

Design a site like this with WordPress.com
Get started