ေနာက်ဆုံးရသတင်းများ

နောက်ဆုံးရ အပြီးသတ် အပြောင်းအရွှေ့သတင်းများ

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းကနေ ပေါ်တိုအသင်းဆီမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆာဘီးယား ကွင်းလယ်ကစားသမား မာကိုဂရုဂျစ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ပေါ်တိုအသင်းဆီကို ယူရို(၁၂)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းဟာ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းရဲ့ နိုင်ဂျီးရီးယား ကွင်းလယ်ခံစစ်ကစားသမား ဖရန့်အွန်ယီကာကို ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းခန့်နဲ့ ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဝေးလ်စ် ဝါရင့်ဂိုးသမားကြီး ဝိန်းဟန်နက်ဆီကို ဘန်လေအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး (၂)နှစ်စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။

ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေးတွေကို နေရာပေးလေ့ရှိတဲ့ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းကြီး ဒေါ့မွန်အသင်းဟာ ပီအက်စ်ဂျီ လူငယ်အသင်းရဲ့ (၁၆)နှစ်အရွှယ် ဂါနာကွင်းလယ်ကစားသမားလေး အဒူလာယီကာမာရာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started