စပို့တင်း လူငယ် ဘယ်နောက်ခံလူ မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်တောင်ပံ ခံစစ်နေရာ အတွက် ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဘယ်နောက်ခံလူ နူနို မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး လက်ရှိမှာတော့ ကန်ဆယ်လို တဦးထဲသာ အားကိုးနေရတဲ့ အသင်းရဲ့ ဘယ်နောက်ခံလူ နေရာအတွက် ကစားသမားသစ် ခေါ်ယူဖို့ စတင် စဉ်းစားနေပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကန်ဆယ်လို ၊ ဇင်ချန်ကိုနဲ့ မန်ဒီတို့ကို ပိုင်ဆိုင်ထားပေမယ့် ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ဟာ ဘယ်တောင်ပံ နောက်ခံလူစစ်စစ်တွေ မဟုတ်ကြသလို မန်ဒီကလည်း ပုံမှန် ခြေစွမ်း မရှိတာကြောင့် အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ဘယ်နောက်ခံလူ မန်ဒက်ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ မန်ဒက်ဟာ စပို့တင်းအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ကာ စပို့တင်းအသင်း အတွက် ပြိုင်ပွဲစုံမှာ ၆၁ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

မန်ဒက်ဟာ ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်သလို အလိမ်အခေါက် ၊ လျင်မြန်မှု ၊ အမြင် စတဲ့ အပိုင်းတွေမှာ အားသာတဲ့ ကစားသမား တဦး ဖြစ်ပြီး စပို့တင်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်က မန်ဒက်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ တိုက်တွန်းဖူးပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ချက်စတာ စီးတီးအသင်းဟာ မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် စပို့တင်းအသင်းက မန်ဒက်အတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို မပေးချေလိုပဲ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့သာ မန်ဒက်ကို စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် စပို့တင်းအသင်း ကတော့ မန်ဒက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဆိုတာဟာ နည်းပါးလွန်းတယ်လို့ ယူဆထားပါတယ်။

အိပ်ပျော်နေတုန်း အာဘွားပေးခဲ့တဲ့ အသင်းဖော်ဟောင်းတစ်ဦးကို အားပါးတရ ရိုက်နှက်ခဲ့ဖူးတဲ့ မိုဗစ်

အသက်(၄၀)နား ကပ်လာနေပြီ ဖြစ်ပေမယ့်လည်း ကစားသမားဘဝကနေ အနားမယူသေးပဲ ဘောလုံးဆက်ကစားနေဆဲဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီိဗရာဟီမိုဗစ်ဟာ World Class အဆင့်ရှိ တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို ပြိုင်ဘက်ကစားသမားတွေသာမက အသင်းဖော်တွေပါ သတိထားဆက်ဆံရတဲ့ လူကြမ်းကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဆွီဒင် ဝါရင့်တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့တာဖြစ်ပြီး အေဂျက်စ်မှာ ပါဝင်ကစားနေစဉ်တုန်းက မိုဗစ်နဲ့ (၂)နှစ်နီးပါးလောက် တွဲဖက်ကစားခဲ့ဖူးတဲ့ နယ်သာလန် နောက်ခံကစားသမားဟောင်း ဗန်ဒါမေဒီက မိုဗစ်နဲ့ သူရဲ့ကြား အမှတ်တရတွေ ရှိခဲ့တဲ့အကြောင်းကို ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒါမေဒီက “ကျွန်တော်တို့နှစ်ယောက် အေဂျက်စ်အသင်းမှာ ပါဝင်ကစားခဲ့ကြတုန်းက အသင်းရဲ့ဘတ်စ်ကားမှာဆိုရင် ကျွန်တော်က အမြဲတမ်းလိုလို မိုဗစ်ရဲ့ ဘေးမှာပဲ ထိုင်နေကြပါ”

“တစ်ကြိမ်မှာတော့ အသင်းဘတ်စ်ကားပေါ် သူအိပ်ပျော်နေတုန်း ကျွန်တော် သူ့ကို စနောက်ဖို့အတွက် သူရဲ့ပါးစပ်ကို နမ်းလိုက်မိတယ်။ ခဏလောက်ကြာတော့ လက်ဝါးခပ်ပြင်းပြင်း (၂)ချက်က ကျွန်တော့်ဆီကို ရောက်လာပါရောပဲ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်တုန်းက FourFourTwo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း မိုဗစ်က သူ့ကို ခြေထောက်ချိုးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးကြောင်းကို ဗန်ဒါမေဒီက ပြောဆိုခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗန်ဒါမေဒီက “သူ ကျွန်တော့်ကို ဒီလိုပြောခဲ့ဖူးတာဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဇလာတန်က လူတိုင်းနီးပါးကို ဒီအတိုင်း ပြောခဲ့ဖူးတာပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ကြားမှာလည်း မပြေလည်တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်ဆိုတာကလည်း မှန်ပါတယ်” လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒါတွေအပြင် အေဂျက်စ်လူငယ်အသင်းကနေ စတင်ပြီး မိုဗစ်နဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ နယ်သာလန် ကွင်းလယ်ကစားသမားဟောင်း ဗန်ဒါဗတ်ကလည်း အဲ့ဒီအချိန်တုန်းက သူနဲ့ မိုဗစ်တို့ကြားမှာ ရင်းနှီးတွေ ဆက်ဆံရေးတွေ ရှိမနေခဲ့တဲ့အပြင် မိုဗစ်က သူ့ကို မနာလိုသလိုတောင် ဖြစ်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ မိုဗစ်ဟာ မနှစ်က ဘောလုံးရာသီအတွင်း ရရှိထားခဲ့တဲ့ ဒူးဒဏ်ရာပြသာနာကြောင့် အနားယူနေရလျက်ရှိပြီး ယူရို-၂၀၂ဝပြိုင်ပွဲကိုလည်း လွဲချော်ထားခဲ့ရပါတယ်။

ဆာကာအတွက်

Photo News!!!

ယနေ့​ည ၇နာရီခွဲအချိန်မှ စတင်ကာ ယှဉ်ပြိုင် ကစားနေတဲ့ ရိန်းဂျားအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ခြေစမ်းပွဲ မစတင်မီမှာ ရိန်းဂျားအသင်းဟာ ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်​နေရတဲ့ အင်္ဂလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လူငယ် တောင်ပံ ကစားသမား ဆာကာကို အားပေးတဲ့အနေနဲ့ ရိန်းဂျားအသင်းရဲ့ နည်းပြ ဂျာရတ် အပါအဝင် ကစားသမားတွေ အားလုံးရဲ့ လက်မှတ်တွေ ပါဝင်တဲ့ ရိန်းဂျားအင်္ကျီ တထည်ကို လက်ဆောင် ပေးခဲ့ကြောင်း သိရပါတယ်။

A Class Act Rangers FC 👏👏👏

ဂျီမီနက်ဇ်

Breaking News!!!

ဦးခေါင်းခွံ ကွဲအက်ဒဏ်ရာကြောင့် ၈လနီးပါး ကြာအောင် အနားယူခဲ့ရတဲ့ ဝုဗ်အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ်ဟာ ယနေ့ည ၈နာရီခွဲ အချိန်မှာ ကစားမယ့် ဝုဗ်အသင်းနဲ့ ခရူဝီအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ ဝင်ရောက် ကစားတော့မယ်လို့ သိရပါတယ်။

Welcome Back Raul Jimenez

ဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအပါအဝင် ယူနိုက်တက်ကစားမဲ့ ခြေစမ်းပွဲစဉ်များ

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲထားခြင်းမရှိတဲ့ အသင်းသားတွေနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေပြီး

လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဂန္ဓဝင်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲကို ကစားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် မက်ဂွိုင်းရား လုခ်ရှော ရပ်ရှ်ဖိုဒ့် ပေါ့ဘာ ဖာနန်ဒက်စ် လင်ဒီလော့

ဒီဂီယာ တွမ်မီနေးတို့ကို စေလွှတ်ထားခဲ့ရသလို ကိုပါအမေရိကပြိုင်ပွဲအတွက်ကိုလည်း ဖရက်ကို စေလွှတ်ထားရပါတယ်။

ဒီလိုကစားသမားတွေကလွဲပြီး ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ မာတာ မာတစ် ဂရင်းဝုဒ် တဲလက်စ် ဝမ်ဘစ်ဆာခါ ဒင်းဟန်ဒါဆန်တို့နဲ့ ရာသီကြိုလေ့ကျင့်ခန်းတွေကို

လုပ်ဆောင်လို့နေပြီး လူငယ်ကစားသမားတွေနဲ့ အငှားပြည့်လို့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေမှာလည်း လာရောက်ပါဝင်လို့နေပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မစတင်ခင် ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ် (၅)ပွဲအထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး

ကိုဗစ်ဂယက်တွေ ရှိနေတာကြောင့် ခြေစမ်းပွဲအားလုံးကို အင်္ဂလန်နိုင်ငံမှာသာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ဂန္ဓဝင် ကစားသမားဟောင်း ဝိန်းရွန်နီကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ အဝေးကွင်းမှာ

ခြေစမ်းသွားမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ နောက်တစ်ပတ် စနေနေ့မှာ ကျူပီအာအသင်းနဲ့ ဆက်လက် ခြေစမ်းသွားမှာဖြစ်ပါတယ်။

အဲ့ဒီ အဝေးကွင်း ခြေစမ်းပွဲ(၂)ပွဲ ပြီးရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းနဲ့

ဇူလိုင်(၂၈)ရက်နေ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်(၃၁)ရက်မှာတော့ ပရက်စတန်အသင်းနဲ့ အဝေးကွင်းမှာပဲ ထပ်မံခြေစမ်းမှာဖြစ်ပါတယ်။

သြဂုတ်လအတွင်းမှာတော့ အဲဗာတန်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ခြေစမ်းမှာဖြစ်ပြီး ဒီပွဲကိုတော့ သြဂုတ်(၇)ရက်နေ့မှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။

ဒီပွဲစဉ်တွေကို ယူနိုက်တက်အသင်းရဲ့ တရားဝင် ရုပ်သံလိုင်းဖြစ်တဲ့ MUTV ကနေ တိုက်ရိုက်ပြသသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ချာကာကို ခေါ်ယူဖို့ အတွက် အာဆင်နယ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ရိုးမား

ပေါ်တူဂီ နာမည်ကြီးနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီး ဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို ခပ်သွက်သွက် ပြုလုပ်နေတဲ့ စီးရီးအေကလပ် ရိုးမားအသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်သလို နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားလိုတာကြောင့် အာဆင်နယ်အသင်းကို စွန့်ခွာဖို့ စဉ်းစားခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်လည်း တောင်းခံခဲ့ပါတယ်။

တဖက်မှာလည်း အာဆင်နယ်အသင်းဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ဖို့ စဉ်းစားထားတာကြောင့် ချာကာရဲ့ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုကို လိုက်လျောခဲ့ကာ ချာကာရဲ့နေရာ အတွက် အစားထိုးမှုအဖြစ် အန်ဒါလက်ချ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ လိုကွန်ညာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ပါတယ်။

ရိုးမားအသင်းဟာ ချာကာကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လထဲက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါအချိန်ထဲက အာဆင်နယ်အသင်းနဲ့ ချာကာရဲ့ ပြောင်းရွှေ့ကြေး အတွက် အာဆင်နယ်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ကနဦးမှာ ရိုးမားအသင်းက ချာကာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂သန်း ဝန်းကျင်သာ ပေးချေဖို့ ဆန္ဒရှိခဲ့ပြီး အာဆင်နယ်အသင်း ကတော့ ချာကာအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း အထိ လိုချင်နေတာကြောင့် နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ ခက်ခဲနေတာ ဖြစ်ကာ လက်ရှိမှာတော့ ရိုးမားအသင်းက ချာကာအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ ချာကာ အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ကာ ယူရို ၁၈သန်းတန် ကမ်းလှမ်းမှု တခုကို ပြုလုပ်ခဲ့ပြီး အာဆင်နယ် အသင်းကလည်း ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။

စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ ဆန္ဒရှိနေတဲ့ ခွန်ဒဲလ်

ဆီဗီလာအသင်းရဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ခွန်ဒဲလ်ဟာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းလာမယ့်အချိန်ကို စောင့်မျှော်နေတယ်လို့ စပိန်နာမည်ကျော်

အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

စပါးအသင်းဟာ ခွန်ဒဲလ်ကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းနေပေမယ့် ခွန်ဒဲလ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းကိုသာပြောင်းရွှေ့လိုနေတဲ့အပြင် လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားစိန်ခေါ်နိုင်ဖို့ တိုက်ပွဲဝင်လိုနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းအတွက် လာလီဂါ ၃၄ ပွဲကစားခဲ့သူ ခွန်ဒဲလ်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ စပါးအသင်းနည်းပြသစ် နူနိုဆန်တိုက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ ခွန်ဒဲလ်ကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းကလည်း ပစ်မှတ်ထားနေလို့ ယူနိုက်တက်အသင်းအနေနဲ့

အဲဒီနှစ်သင်းနဲ့အပြိုင်ကြိုးပမ်းရမယ့်အနေအထားပါပဲ။

သာယာေနတဲ့ ဗာရက်တီ

Player News (Marco Verratti)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂၀ ချန်ပီယံဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား မာကိုဗာရက်တီဟာ ကြာသပတေးနေ့မှာပဲ သူရဲ့ချစ်သူမိန်းကလေးနဲ့ပါ လက်ထပ်ဖြစ်ခဲ့ပြီး သူ့ဘဝအတွက် အကောင်းဆုံး ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်

Congratulations Marco!!!

စတိုင်အသစ်နဲ့

Photo News (Neymar)

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာကတော့ လာမယ့်ဘောလုံးရာသီသစ်ကို ဆံပင်ဒီဇိုင်းအသစ်နဲ့ ဖြတ်သန်းသွားတော့မှာဖြစ်ပါတယ်

နေမာရဲ့ အမိုက်စား Hairstyle အသစ်ကို ဘယ်လိုထင်မြင်ပါသလဲဗျာ ???

လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကစတင်ပြီး စီးရီးအေမှာ အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခွင့်ကို တားမြစ်

Football Italia သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီနေကစတင်ပြီး အီတလီစီးရီးအေ ပြိုင်ပွဲအတွင်း စီးရီးအေကလပ်အသင်းတွေအနေနဲ့ အိမ်ကွင်းအဝေးကွင်း ဂျာစီတွေကို အစိမ်းရောင်သုံးစွဲခွင့် တားမြစ်သွားတော့မှာဖြစ်ပြီး တကယ်လို့ အစိမ်းရောင်ပါတဲ့ ဂျာစီကို ဝတ်ဆင်မယ့် ကလပ်အသင်းတွေ ရှိလာခဲ့မယ်ဆိုရင်တော့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

ကလပ်အသင်းတွေအနေနဲ့ အိမ်ကွင်း ဒါမှမဟုတ် အဝေးကွင်းဂျာစီတွေကို အစိမ်းရောင်အသားပေး ဝတ်ဆင်တဲ့အခါ ပွဲစဉ်တွေကို တီဗီရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသစဉ်အတွင်း အသင်းတွေ ဝတ်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ဘောလုံးကွင်းက မြက်ခင်းပြင်အရောင်ကြား ရောရောနှောနှော ဖြစ်နေရတဲ့အတွက် တီဗီကနေ ကြည့်ရှုရသူတွေ အဆင်မပြေ ဖြစ်နေရတဲ့အတွက် လာမယ့်ဘောလုံးရာသီကနေ စတင်ပြီး အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခြင်းကို တားမြစ်လိုက်ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီလို သတ်မှတ်ချက်တွေကြောင့် အိမ်ကွင်းဂျာစီအဖြစ် အစိမ်းရောင်နဲ့အမည်းရောင်တွေကို ရောစပ်ဝတ်ဆင်တတ်တဲ့ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းအနေနဲ့ ဒီရာသီမှာပဲ အဆိုပါဝတ်စုံကို နောက်ဆုံးအကြိမ်အဖြစ် ဝတ်ဆင်ရတော့မှာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီမှာတော့ သူတို့ရဲ့ဂျာစီအရောင်ကို လုံးဝပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆာဆူအိုလိုတစ်သင်းတည်းမဟုတ်ပဲ တစ်ခါတစ်လေမှာ အစိမ်းရောင်ဂျာစီ ဝတ်ဆင်တတ်တဲ့ အတ္တလန်တာအသင်းနဲ့ အဝေးကွင်းဂျာစီကို အစိမ်းရောင်အဖြစ် ဝတ်ဆင်တတ်တဲ့ လာဇီယိုအသင်းတွေအနေနဲ့လည်း ဒီစည်းမျဉ်းကို လိုက်နာသွားရတော့မှာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ စီးရီးအေအသင်းတွေအနေနဲ့ အကျီကိုသာမကပဲ ဘောင်းဘီနဲ့ ခြေအိတ်တွေကိုလည်း အစိမ်းရောင် အသာပေးလွန်းတာမျိုး ဝတ်ဆင်ခြင်းမပြုရလို့ သတ်မှတ်ထားတာဖြစ်ပြီး စည်းကမ်းမလိုက်နာရင် အမှတ်လျော့တဲ့အထိ အပြစ်ပေးဖွယ် ရှိနေပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲကိုတော့ လာမယ့်သြဂုတ်လ (၁၃)ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၂နှစ် မေလ(၂၂)ရက်နေ့မှာ အဆုံးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။

Design a site like this with WordPress.com
Get started