ဆီဗီလာအသင်းရဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ခွန်ဒဲလ်ဟာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းလာမယ့်အချိန်ကို စောင့်မျှော်နေတယ်လို့ စပိန်နာမည်ကျော်
အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။
စပါးအသင်းဟာ ခွန်ဒဲလ်ကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းနေပေမယ့် ခွန်ဒဲလ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းကိုသာပြောင်းရွှေ့လိုနေတဲ့အပြင် လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားစိန်ခေါ်နိုင်ဖို့ တိုက်ပွဲဝင်လိုနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းအတွက် လာလီဂါ ၃၄ ပွဲကစားခဲ့သူ ခွန်ဒဲလ်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ စပါးအသင်းနည်းပြသစ် နူနိုဆန်တိုက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ ခွန်ဒဲလ်ကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းကလည်း ပစ်မှတ်ထားနေလို့ ယူနိုက်တက်အသင်းအနေနဲ့
အဲဒီနှစ်သင်းနဲ့အပြိုင်ကြိုးပမ်းရမယ့်အနေအထားပါပဲ။
