YSCC Yokohama အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခွင့် ရရှိသွားတဲ့ ပြည့်လျှံအောာင်

စစ်အာဏာ သိမ်းမှု ကို ထင်ထင်ပေါ်ပေါ် ဆန့်ကျင်ပြခဲ့တဲ့ မြန်မာ့ လက်ရွေးစင် ဂိုးသမား ပြည့်လျံအောင် ဟာ ဂျပန် နိုင်မှာ ဘဝသစ် စတင်နိုင်ဖို့ အခွင့်အရေး တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ဂျပန် တတိယတန်း ဘောလုံး ကလပ်တစ်ခု ဖြစ်တဲ့ YSCC Yokohama အသင်းမှာ လေ့ကျင့်ခန်း အတူတူဆင်းခွင့် ရရှိတော့မှာဖြစ်ကြောင်း ဒီကနေ့ထုတ် ဂျပန် သတင်းစာတွေက ရေးသားလျှက် ရှိနေကြပါတယ်။

ဂျပန် အစိုးရဟာ မြန်မာ့ နိုင်ငံရေး ပဋိပက္ခ ကာလ အတွင်း သူတို့နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေ အခက်မတွေ့စေဖို့ အတွက် ဗီဇာသက်တမ်း ကုန်ဆုံးခါနီးတဲ့ အလုပ်သမားတွေကို သက်တမ်း 6 လ (သို့) ကျွမ်းကျင် လုပ်သားတွေကို တစ်နှစ်အထိ တိုးပေးခဲ့ပြီး ၊ ပညာရေး ဆိုင်ရာ နယ်ပယ်တွေမှာ ရောက်ရှိနေတဲ့ စကော်လာတွေ ကိုတော့ ကုလ သမဂ္ဂ ကနေ တဆင့် ပညာသင် ထောက်ပံ့ကြေးတွေ ရရှိနိုင်အောင် ကူညီ လုပ်ဆောင်ပေးလျှက် ရှိပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက်လဲ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း ၊ ကမ္ဘာ့ကလေးများဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီးတွေ ကနေ တဆင့် ထောက်ပံ့ကြေးများစွာကို ပေးလျှက် ရှိနေပါတယ်။

ပြည့်လျံအောင် ကတော့ ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလုံခွင့် ရရှိဖို့ အတွက် လျှောက်ထားဆဲ ဖြစ်တာကြောင့် ၊ ဒီကာလ အတွင်းမှာ ကာလတို နေထိုင်ခွင့် 6 သက်တမ်း ဗီဇာ ရရှိထားပါတယ်။

ဒီအတောအတွင်းမှာ သူကိုယ်တိုင်က ဘောလုံး ကစားခွင့်ရမယ်ဆိုရင် ဆက်ပြီး ကစားချင်သေးကြောင်း အင်တာဗျူးတွေမှာ ထုတ်ဖော် ပြောဆိုခဲ့တာကြောင့် ဂျပန် တတိယတန်း ကလပ်ဖြစ်တဲ့ YSCC Yokohama က အတူတူ လာရောက်ပြီး လေ့ကျင့်ခန်း ဆင်းဖို့ အခွင့်အရေး ပေးခဲ့တာ ဖြစ်ပါတယ်။

“ စစချင်းမှာတော့ ကျနော့် ကို ပရော်ဖက်ရှင်နယ် စာချုပ် ကမ်းလှမ်းမှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် လေ့ကျင့်ရေးကွင်းက တိုးတက်မှုတွေ အပေါ်မူတည်ပြီး စာချုပ် ချုပ်ဆိုနိုင်မယ့် အခွင့်အရေးမျိုး ရရှိမှာ ဖြစ်ပါတယ်” လို့ ပြည့်လျံအောင်က ပြောပြသွားခဲ့ပါတယ်။

YSCC Yokohama အသင်းဟာ ယိုကိုဟားမားမြို့ အခြေစိုက် ဘောလုံးအသင်း တသင်းဖြစ်ပြီး ၊ ဂျပန် တတိယတန်း ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေခဲ့တာ 7 ရာသီ ဝန်းကျင် အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ပြည့်လျံအောင် ကို လေ့ကျင့်ခန်း လာဆင်းဖို့ ဒီလ အစောပိုင်းမှာ ကတည်းက ဖိတ်ခေါ်ခဲ့တာ ဖြစ်ကာ ၊ ဒီကနေ့မှာ လာရောက်ပူးပေါင်းမယ့်အကြောင်း အသင်းတာဝန် ရှိသူ Jiro Yoshino က အတည်ပြု သွားခဲ့ ပါတယ်။

ဒါ့ကြောင့် ပြည့်လျံအောင် ဟာ လက်ရှိ သူနေထိုင်ရာ အိုဆာကာ ကနေ YSS Yokohama ကလပ် ရှိရာ Kanagawa ဆီကို မကြာခင်မှာပဲ ရွှေ့ပြောင်းရဖွယ် ရှိနေပါတယ်။

ဂျပန်မှာ အစစ အရာရာ အဆင်ပြေပါစေ ညီလေးရေ…….. ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်တဲ့ အထိ အောင်မြင်မှုတွေ ရရှိနိုင်ပါစေ။

လာကာဇက်ကို ရောင်းထုတ်ပြီး အေဘရာဟမ်ကို ပြန်လည်ခေါ်ယူသွားမယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းကတော့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေပြီး သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ချယ်လ်ဆီးအသင်းမှာ နေရာပျောက်ဆုံးနေရတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ ၂၀၁ရခုနှစ်ကမှ လိုင်ယွန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်နှစ်အတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အာဆင်နယ်အသင်းဘက်ကနေ တိုက်စစ်မှူးလာကာဇက်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိပဲ အခုနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေသာ ရောင်းထုတ်သွားဖွယ် ရှိနေရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ လတ်တလောမှာ လာကာဇက်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေကို ရှာဖွေလျက်ရှိနေပြီး လာကာဇက်ကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင်လည်း သူ့နေရာမှာ အေဘရာဟမ်နဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချယ်လ်ဆီး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးစီနီယာအသင်းအတွက် ပွဲထွက်ခွင့်မရခင်မှာ ဘရစ္စတိုး ဆွမ်ဆီး အက်စတွန်ဗီလာအသင်းတွေမှာ အငှားထွက်ကစားခဲ့ရပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပဲ ချယ်လ်ဆီးအသင်းကြီးအတွက် ပါဝင်ကစားခွင့် ရလာခဲ့ပါတယ်။ အသင်းနဲ့အတူ ပထမဆုံး ဖြတ်သန်းခဲ့ရတဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း (၁၈)ဂိုး သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း သွင်းဂိုးပေါင်း (၁၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အေဘရာဟမ်ဟာ အသင်းမှာ တီမိုဗာနာ ကိုင်းလ်ဟားဗက်ဇ်တို့နဲ့ ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပါဝင်ကစားနေရတာကြောင့် နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေပြီး ချယ်လ်ဆီးဘက်ကလည်း သူတို့အလိုရှိနေတဲ့ ကစားသမားတွေ ရရှိနိုင်ရေးအတွက် အေဘရာဟမ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့သာ အသုံးချလျက် ရှိနေပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ အေဘရာဟမ်ကို အာဆင်နယ်အသင်းဘက်ကနေ တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖွယ် ရှိနေပြီး အေဘရာဟမ်ကို မကမ်းလှမ်းခင် လာကာဇက်ကို အသင်းကနေ အရင်ရှင်းထုတ်ဖွယ် ရှိနေပါတယ်။

ဝါရင့်ခံစစ်မှူး အယ်ဒါဝီရယ်ကို ကာတာကလပ်အသင်းဆီ ရောင်းချသွားဖို့ သဘောတူညီခဲ့တဲ့ စပါး

ဒီရက်ပိုင်းအတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်းတိုးခဲ့ပြီိး အသင်းရဲ့ပစ်မှတ် ဂိုးသမားဂိုလီနီကို အရခေါ်ယူနိုင်ခဲ့တဲ့ စပါးအသင်းဟာ အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး တိုဘီအယ်ဒါဝီရယ်ကိုတော့ ကာတာထိပ်သီးကလပ် အယ်ဒူဟေးလ်အသင်းဆီကို ရောင်းချသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အယ်ဒါဝီရယ်ဟာလည်း မကြာခင်မှာပဲ အရှေ့အလယ်ပိုင်းမှာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းသွားရတော့မှာဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံကစားသမားကြီး တိုဘီအယ်ဒါဝီရယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၄၃)ပွဲအထိကို ပါဝင်ကစားထားပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းက ခံစစ်ပိုင်းကို အပြောင်းအလဲများစွာ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဆီဗီလာနောက်ခံလူ ခွန်ဒယ် ဝုလ်ဗ်နောက်ခံလူ ကော်နာကိုဒီနဲ့ အတ္တလန်တာ နောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးတို့ကို ပစ်မှတ်ထားနေတဲ့အတွက် အသင်းရဲ့ခံစစ်ပိုင်းက အယ်ဒါဝီရယ်အပါအဝင် ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီလို အသင်းနဲ့ လက်တွဲဖြုတ်ရတော့မယ့် ဝါရင့်နောက်ခံကစားသမားကြီး အယ်ဒါဝီရယ်ကို ကာတာကလပ် အယ်ဒူဟေးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းနဲ့ ရောင်းချသွားဖို့အတွက် စပါးအသင်းဘက်ကနေ သဘောတူညီခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း မကြာခင်မှာပဲ အယ်ဒူဟေးလ်အသင်းနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မယ်လို့ The Telegraph ကနေ ဖော်ပြသွားခဲ့ပါတယ်။ ကနဦးပိုင်းမှာတော့ အယ်ဒါဝီရယ်ကို သူရဲ့မွေးရပ်မြေ ဘယ်ဂျီယံက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရွိုင်ရယ်အန့်ဝပ်အသင်းကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် စပါးအသင်းဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းဟာ ခံစစ်ပိုင်းအတွက် အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနားခံစစ်ကစားသမား ရိုမဲရိုးကို အလိုရှိနေပြီး ကစားသမားနဲ့လည်း Personal Agreed ရယူထားနိုင်ခဲ့ပေမယ့် ရိုမဲရိုးက ဂျုဗင်တပ်စ်ကနေ အတ္တလန်တာမှာ (၂)နှစ်အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ လာရောက်ကစားနေသူဖြစ်လို့ သူ့ကို အရခေါ်ယူဖို့အတွက် ဂျုဗင်တပ်စ်နဲ့ရော အတ္တလန်တာအသင်းနဲ့ပါ အသေအချာ ဆွေးနွေးရဖွယ် ရှိနေပါတယ်။

မန်ယူကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို နောက်ခံလူ အမ်တီတီနဲ့ လဲလှယ်သွားချင်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီကို အသုံးပြုပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေရတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေခဲ့ရသလို ပွဲစဉ်အများစုမှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရပဲ အရန်ကစားသမားအဖြစ်နဲ့ အချိန်ကုန်နေရတာကြောင့် သူရဲ့ယူနိုက်တက်ကစားသမားဘဝ အနာဂတ် အနေအထားတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာကလည်း ပေါ့ဘာ ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးတို့လို ကွင်းလယ်ကစားသမားတွေ များပြားနေတာကြောင့် ဗန်ဒယ်ဘိခ်အနေနဲ့ အသင်းမှာ နေရာရဖို့ ခက်ခဲနေရတာဖြစ်ပါတယ်။

ဒီလိုအခြေအနေရှိနေတဲ့ ဗန်ဒယ်ဘိခ်ကို ဥရောပ ကလပ်အသင်းပေါင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ လတ်တလောမှာ အဂွဲရိုး ဒီပိုင်း အဲရစ်ဂါဆီယာတို့လို ကစားသမားသစ်တွေ ခေါ်ယူထားခဲ့ပေမယ့် လာလီဂါရဲ့ လစာကန့်သတ်မှုတွေကြောင့် ကစားသမားများစွာကို လက်လွတ်ရဖို့ ရှိနေပြီး ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ထားခဲ့တဲ့ နောက်ခံလူ အမ်တီတီကိုပါ စွန့်လွှတ်ရဖွယ် ရှိနေပါတယ်။ ဒီကစားသမားကို ယူနိုက်တက်အသင်းဘက်ကနေ ပစ်မှတ်ထားခဲ့ဖူးတာဖြစ်လို့ ဘာစီလိုနာအသင်းက သူတို့ အလိုရှိနေတဲ့ ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို ခေါ်ယူနိုင်ဖို့အတွက် အမ်တီတီကို အသုံးပြုသွားဖွယ် ရှိနေပြီး ကစားသမားအချင်းချင်း တိုက်ရိုက်လဲလှယ်သွားချင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြရော်နယ်ကိုးမန်းကလည်း နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့စဉ်က ဗန်ဒယ်ဘိခ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်လို့ သူရဲ့တပည့်ဟောင်းကို ဘာစီလိုနာဆီ ခေါ်ဆောင်ချင်နေသလို ဘာစီလိုနာမှာလည်း ဗန်ဒယ်ဘိခ်ရဲ့ အေဂျက်စ်အသင်းဖော်ဟောင်း ဖရန့်ကီဒီဂျောင်လည်း ရှိနေတာဖြစ်လို့ ဗန်ဒယ်ဘိခ်အနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စဉ်းစားလာနိုင်ပါတယ်။

ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ မန်ယူအသင်း

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဂျာမန် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အလားအလာ မရှိပါဘူး။

ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အခွန်မဆောင်မီ လုပ်ခလစာ တနှစ်ကို ယူရို ၂၀သန်း အထိ လိုချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့ တနှစ် လုပ်ခလစာ ယူရို၁၀သန်းနဲ့ ၁၂သန်း ကြားသာ ပေးချေချင်ကြောင်း ပြောကြားထားတာကြောင့် နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုဟာ မတိုးတက်ပဲ ဆုတ်ယုတ်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဂေါ်ရက်ဇ်ကာရဲ့ အေးဂျင့်တို့ ကြားမှာ ခိုင်မာတဲ့ ဆက်သွယ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ပီအက်စ်ဂျီအသင်းထံ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဂေါ်ရက်ဇ်ကာကို ခေါ်ယူချင်နေတာ ဖြစ်ပေမယ့် ယခု နွေဈေးကွက်မှာ ခေါ်ယူဖို့ထက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ ခေါ်ယူဖို့ ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂေါ်ရက်ဇ်ကာရဲ့ အေးဂျင့်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂေါ်ရက်ဇ်ကာကို သူ လိုချင်တဲ့ လုပ်ခလစာ ပေးချေကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ အသင်းအပြောင်းအရွေ့ ဖြစ်ပေါ်ဖွယ်ရှိနေတဲ့ ဒါလော့

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ မန်ယူနိုက်တက် နောက်ခံအစွန်လူ ဒီယေဂိုဒါလော့ကို နောက်ထပ်တစ်ရာသီ

ထပ်မံအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး တစ်ရာသီ အငှား + အပြီးသတ်ခေါ်ယူခွင့် ဖြင့် ကမ်းလှမ်းမာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဝမ်ဘစ်ဆာခါကို ခေါ်ယူခဲ့ပြီးနောက် ဒါလော့ရဲ့ ပုံမှန် ပွဲထွက်ခွင့် လျော့နည်းလာပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ စီအေစီမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီအတွင်း အေစီမီလန်အသင်းမှာ အသင်းနဲ့ အလျင်အမြန်ပဲ အထိုင်ကျကာ

ခြေစွမ်းပြ ကစားနိုင်ခဲ့သလို အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၃၃ ပွဲအထိကို ပါဝင်ကစားခွင့်လည်း ရခဲ့ပါတယ်။

ယူနိုက်တက်ဘက်ဟာ အသင်းကိုပြန်ရောက်လာတဲ့ ဒါလော့ကို အသင်းမှာ ပုံမှန် နေရာပေးဖို့ မသေချာပဲ ညာခြမ်းခံစစ်နေရာအတွက်ကိုပါ ကစားသမားသစ်

ခေါ်ယူဖွယ် ရှိနေတဲ့အတွက် ဒါလော့ကို ထပ်မံအငှားချဖွယ် ဒါမှမဟုတ် အပြီးသတ်ရောင်းချဖွယ် ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ဒါလော့ကို အေစီမီလန်အသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်းကနေပါ စိတ်ဝင်စားလျက် ရှိနေပေမယ့် အေစီမီလန်အသင်းက

ဒါလော့ကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေတာဖြစ်ပေမယ့် ရီးရဲလ်ဘက်ကတော့ ဒါလော့ကို အငှားသီးသန့်နဲ့သာ ခေါ်ယူချင်နေတာပါ

ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ နောက်ခံလူ ဒါလော့ အတွက်တစ်ရာသီ ငှားရမ်းမှုကို ယူရို ၅ သန်း ဝန်းကျင်လောက်အထိကို အလိုရှိနေတာဖြစ်ပြီး

ရီးရဲလ်ထက် အေစီမီလန် အသင်းရဲ့
အငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်ကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။

စစ်တမ်းတွေအရ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကွင်းလယ်လူဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

စစ်တမ်းတွေအရ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကွင်းလယ်လူဖြစ်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

၂၀၂၁ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူစာရင်းမှာတော့ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Football Transferနဲ့ SciSportsတို့ဟာ ကွင်းလယ်လူတွေရဲ့ အသက် ၊ ခြေစွမ်း ၊ စာချုပ်သက်တမ်း ၊ အကျိုးသက်ရောက်မှု စတဲ့ အချက်တွေ အပေါ်

မူတည်ကာ သတ်မှတ်ပေးခဲ့ပြီး ယူနိုက်တက် နဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်ဟာယူရို ၁၀၂သန်းနဲ့ တန်ကြေးအမြင့်ဆုံး ကွင်းလယ်လူဖြစ်ခဲ့ပါတယ်။

ဒုတိယနေရာမှာ ပီအက်စ်ဂျီနဲ့ ဘရာဇီးတို့ရဲ့ ကွင်းလယ် ကစားသမား မာကွင်ဟိုက ယူရို ၉၅.၅သန်းနဲ့ ရပ်တည်နေပြီး တတိယနေရာကတော့ ဘာစီလိုနာအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်က ယူရို ၉၁.၂သန်းနဲ့ ရပ်တည်‌ နေပါတယ်။

ဘိုင်ယန်မြူးနစ် နဲ့ ဂျာမဏီတို့ရဲ့ အဓိက ကွင်းလယ်လူ ကင်းမစ်ချ်က ယူရို ၈၄.၅သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေခဲ့ပြီး မန်စီးတီးအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ယူရို ၇၂.၈သန်းနဲ့ ပဥ္စမနေရာမှာရှိ နေခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၀အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒီဘရိုင်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ များထဲမှ တဦးအဖြစ်ပေမယ့် သူ့ရဲ့ လက်ရှိ အသက်အရွယ်ကြောင့် ဒီစာရင်းမှာ ပဥ္စမနေရာအထိ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဘရိုင်းရဲ့ အနောက်မှာတော့ ဟားဗက် ယူရို ၇၁.၃သန်း ၊ ရိုဒရီ ယူရို ၇၀.၈သန်း ၊ ကတ်စမဲရိုး ယူရို ၇၀.၇သန်း ၊ ပီဒရီ ယူရို ၆၉.၉သန်း ၊ ဘာနာဒို ဆေးလ်ဗား ယူရို ၆၉သန်း တို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ပေါ့ဘာကို ပေါင်(၄၃)သန်းဝန်းကျင်နဲ့သာ စတင်ကမ်းလှမ်းသွားဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ

လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ တရားဝင် ကမ်းလှမ်းမှု တစ်စုံတစ်ရာကို လုပ်ဆောင်ထားခြင်းမရှိသေးဘူးလို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပြီးနောက် Daily Mail သတင်းစာကနေပါ ပီအက်စ်ဂျီအနေနဲ့ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄၃)သန်းဝန်ကျင်လောက်နဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Manchester Evening News သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေနဲ့ အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူထားနိုင်ခဲ့ပေမယ့်လည်း တရားဝင် ကမ်းလှမ်းချက်တွေကိုတော့ လုပ်ဆောင်လာသေးခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ပေါ့ဘာကို ယူနိုက်တက်ဘက်က အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူရဲ့မွေးရပ်မြေက နာမည်ကြီး ကလပ်အသင်း ပီအက်စ်ဂျီဆီကိုသာ ပြောင်းရွေ့ချင်နေတာဖြစ်ပါတယ်။

ဒီလို အသင်းဆီကို ရောက်လာချင်နေတဲ့ ပြင်သစ်ကြယ်ပွင့် ပေါ့ဘာအတွက် ပီအက်စ်ဂျီအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖို့ ရှိနေတယ်ဆိုပေမယ့် ပေါ့ဘာရဲ့ လက်ရှိတန်ကြေးထက် အနည်းငယ် လျှော့နည်းနေနိုင်တဲ့ ပြောင်းရွှေ့ကြေးမျိုးဖြစ်တဲ့ ပေါင်(၄၃)သန်းနဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။ Daily Mail ဖော်ပြချက်ထဲမှာလည်း ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပေါ့ဘာအပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးလျက် ရှိနေတယ်လို့ သိရှိရပြီး ပေါ့ဘာနဲ့ ပီအက်စ်ဂျီအသင်းတို့ အပြောင်းအရွှေ့ အထမြောက်ခဲ့မယ်ဆိုရင်လည်း ရွိုင်အိုလာအတွက် အေးဂျင့်ခက မြိုးမြိုးမြက်မြက် ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ရွိုင်အိုလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ သူရဲ့ကစားသမားဖြစ်သူ ဂိုးသမားဒွန်နာရမ်မာကိုပါ ပီအက်စ်ဂျီအသင်းဆီ ပို့ဆောင်ထားခဲ့တာကြောင့် ပီအက်စ်ဂျီနဲ့ ရွိုင်အိုလာတို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေမှာ သေချာနေတဲ့အတွက် ရွိုင်အိုလာရဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဘာလည်း ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေများလာခဲ့ရပါတယ်။

ပရိသတ်တွေကို မျက်စိလည်သွားစေမယ့် ပရော်ဖက်ရှယ်နယ် ဘောလုံးသမားတွေရဲ့ အမည်အရင်းများ

နာမည်မှာ ဘာနေဗျူး လို့ မှည့်ထားတဲ့ သူတစ်ယောက် က ဘာစီလိုနာ ရဲ့ အမာခံ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ ပါတယ် ။ အဲ့ဒါကတော့ ပီကေး ပါပဲ ၊ ပီကေး ရဲ့ အမည်အပြည့်အစုံက ဂျရတ်ပီကေး ဘာနေဗျူး ပါ ။ ထူးဆန်းတဲ့ ကိစ္စပဲ မဟုတ်လားဗျ ။ ဒါပေမယ့် ဒါက အရမ်းကြီး မထူးဆန်းပါဘူး ။ အခု ဆက်ပြီး ပြောပြမယ့် အကြောင်းကတော့ ပရိသတ်ကြီးတို့ကို မျက်စိလည်ပြီး လျှာတွေ လိပ်သွားစေ နိုင်တာကြောင့်ပါပဲ ။

ဒီနာမည် ၃ ခု ကို ကြည့်လိုက်ရအောင် . . . အက်ဆန်အန်တေဒို နာဆီမန်တို ၊ ရိုနာဒို ဒီ အဆစ် မိုရီယာ ၊ ရိုနာဒို လူးဝစ် နာဇာရီယို ဒီ လီမာ ။ ဘရာဇီး ရဲ့ ခေတ်တစ်ခေတ်စီက ဘောလုံး ဂန္ထဝင်တွေပါ ၊ အမည်ရင်းတွေကို ကြည့်ပြီး ဘယ်သူတွေလဲ ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး ။ ဒါပေမယ့် “ပီလီ” ၊ “ရော်နယ်ဒင်ညို” နဲ့ “ရိုနယ်ဒို” ဆိုတဲ့ အမည်တွေနဲ့ ဆိုရင်တော့ သူတို့တွေကို ပရိသတ်ကြီးတို့ ကောင်းကောင်း မှတ်မိကြမှာပါ ။

အချို့ ဘောလုံး သမားတွေကတော့ အမည်ရင်းတွေကို ကြည့်ပြီး ဘယ်သူ ဘယ်ဝါ ဆိုတာ ခန့်မှန်းလို့ ရနိုင်ကြပါတယ် ။ ဥပမာ ပြောရရင် လီယွန်နယ် အန်ဒရေစ့် မက်ဆီ ကူချီတီနီ ၊ ဒေးဗစ် ဂျိုးဆက် ဘက်ခမ်း ၊ ချားလ်

ဒါပေမယ့် အင်္ဂလန် က မဟုတ်တဲ့ ဘောလုံးသမား အများစုကတော့ သူတို့ရဲ့ အမည်အရင်းတွေကို သိပ်ပြီး သုံးလေ့ မရှိကြပါဘူး ။

ကယ်ဗင် လို့ ခေါ်ကြတဲ့ ပရီးမီးယားလိဂ် ကစားသမားလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ သူ့ရဲ့ အမည်အပြည့်အစုံကတော့ ကယ်ဗင် အော်ဟန်တေဂါ တမ်မရာဘီ ဘာကူမို အေဘရာဟမ် ပါ ။ ပရီးမီးယားလိဂ် ပရိသတ်တွေ ကတော့ သူ့ကို တမ်မီ အေဘရာဟမ် လို့ပဲ သိကြပါတယ် ။ ဒီအမည်အပြည့် အစုံကို ဂျာစီမှာ ထည့်ရိုက်လို့ မရနိုင်တာကတော့ အသေအချာပါပဲ ။

ဘရာဇီး ဘောလုံးသမား အများစုဟာ သူတို့ရဲ့ အမည်အရင်းတွေထက် Nickname တွေကို ပိုပြီး အသုံးများတတ် ပါတယ် ။ ဘောလုံး ကမ္ဘာကလည်း ဒီအမည်တွေကိုပဲ သိကြတာပါ ။ ဒါပေမယ့် ပတ်စ်ပိုစ့်တွေ ၊ နိုင်ငံသား ကတ်တွေ ၊ ရပ်ကွက်က နေထိုင်မှု ပုံစံ စာရွက်တွေမှာတော့ ဒီအမည်တွေကို သုံးလို့ မရပါဘူး ။ အမည်အရင်းကိုပဲ အပြည့်အစုံ ဖော်ပြရတာပါ ။ ဒါကြောင့် ပရိသတ်ကြီးတို့ အနေနဲ့ သူတို့ကို ရှာဖွေဖို့ ကိစ္စ ပေါ်လာခဲ့မယ် ဆိုရင် အမည်တွေကို သိထားဖို့ လိုအပ်မှာ သေချာပါတယ် ။

ဂျီဗန်နီလ်ဒို ဗီယာရာ ဒီ ဆူဆာ ဆိုတဲ့ အမည် နဲ့ ဘရာဇီးသား တစ်ယောက် ရှိပါတယ် ။ ဘယ်ခြေကန်ချက် အပြင်းဆုံးလို့ သတ်မှတ် ထားသလို သူ့ရဲ့ ကြံ့ခိုင်တောင့်တင်း လှတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံကြောင့်လည်း လူသိများကြပါတယ် ။ သူ့ရဲ့ ဘောလုံးကွင်းထဲက အမည်ကတော့ “Hulk” ပါ ။

အန်ဒါဆင် လူးဝစ် ဒီ ဆိုဇာ ဆိုတဲ့ ဘရာဇီးဖွား တစ်ယောက် ရှိပါသေးတယ် ။ အခုတော့ သူက ပေါ်တူဂီ နိုင်ငံသား အဖြစ် ခံယူလိုက်ပါပြီ ။ ချန်ပီယံလိဂ် ဖလား ကို မတူညီတဲ့ ကလပ် ၂ သင်း နဲ့ ရဖူးသလို ပရီးမီးယားလိဂ် ကိုလည်း လာကစားခဲ့ဖူးပါတယ် ။ သူကတော့ Deco ( ဒေကို ) ပါပဲ ။

နောက်တစ်ယောက် ကတော့ လူးဝစ် ကားလိုစ့် အယ်မေးဒါး ဒါ ကူနာ လို့ ခေါ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် မှာ ကစားခဲ့ပြီး အယောင်ပြ လှည့်ကွက်တွေ ၊ ခြေအနှုတ်အသိမ်းတွေ နဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ပေါ်တူဂီ တောင်ပံ ကစားသမားပါ ။ ရိုနယ်ဒို တော့မဟုတ်ပါဘူး ၊ ဒါမှမဟုတ် ခရစ္စတီယာနို ရိုနယ်ဒို ဒေါ့ဆန်းတိုစ့် အဗီရို မဟုတ်ပါဘူးလို့ ပြောရမလား . . . အခု ပြောနေတဲ့ သူကတော့ လူးဝစ် နာနီ ရဲ့ အမည်အရင်းပါ ။

ဒီတစ်ခါတော့ စပိန်ဘက်ကို လှည့်လိုက် ကြရအောင် . . . ။ ရီးရဲ မက်ဒရစ်မှာ ကစားပြီး ဘောလုံး အရည်အသွေး အရမ်း ထူးချွန်သူလို့ တင်စား ထားကြပါတယ် ။ သူ့ရဲ့ အမည်အရင်းက ဖရန်စစ္စကို ရိုမန် အာလာကွန် ဆွာရက်ဇ် ပါ ။ မရင်းနှီးကြဘူးမလား . . . ဒါပေမယ့် အစ္စကို လို့ ပြောလိုက်ရင်တော့ မျက်လုံးထဲမှာ တန်းပြီး ပေါ်လာမှာ အသေအချာပါပဲ ။

မားကိုစ့် အယ်ဗန်ဂျလိစတာ ဒယ် မိုရာစ့် . . . . ဘရာဇီး နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ် ရဖူးပြီး အေစီမီလန် ရဲ့ ဂန္ထဝင် ညာနောက်ခံလူကြီးပါ ။ ဒီလောက်ဆိုရင်တော့ အတော်များများ ရိပ်မိလောက်ကြပါပြီ ။ ဟုတ်ပါတယ် ။ မားကိုစ့် အယ်ဗန်ဂျလိစတာ ဒယ် မိုရာ့စ် ဆိုတာ Cafu ( ကာဖူး ) ရဲ့ အမည်အရင်းပါပဲ ။

ဘောလုံးပရိသတ်တွေ သိပ်ကြိုက်တဲ့ ပေါ်တူဂီ လူကြမ်းကြီး တစ်ယောက် ရှိပါတယ် ။ ဒီလို အစပေးလိုက်တာ နဲ့ အားလုံးက ကက်ပလာ လာဗာရန် ဒီလီမာ ဖာရဲရား ကို တန်းမြင် ကြမှာပါ ။ Pepe လို့ ထင်နေကြတာမလား . . . မိတ်ဆွေတို့ မမှားပါဘူး ၊ မှန်ပါတယ် ၊ အဲ့ဒါက ပီပီ ရဲ့ အမည်အရင်းပါပဲ ။

ယူရို ပြိုင်ပွဲကြောင့် ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံ လူစာရင်းမှာ အဆင့် ခုန်တက်သွားတဲ့ လုခ်ရှော

ယူရို ပြိုင်ပွဲကြောင့် ကမ္ဘာ့ အကောင်းဆုံး ဘယ်နောက်ခံ လူစာရင်းမှာ အဆင့် ခုန်တက်သွားတဲ့ လုခ်ရှော

ဘောလုံးလောကရဲ့ ယခုနောက်ပိုင်းကာလတွေမှာ ခံစစ်အစွန်လူတွေဟာ ခံစစ်ကြီး

သက်သက် ကစားရတာ မဟုတ်တော့ဘဲ တိုက်စစ်ကို ပါ လိုက်ပါရတဲ့ လုပ်အားနှုန်း

ပါကောင်းမွန်မှသာ အဆင့်အတန်းမှီတဲ့ ခံစစ် အစွန်လူတစ်ယောက် အဖြစ် နဲ့

သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။Full Backတွေဟာ ဗဟိုနောက်ခံလူတွေလို တချိန်လုံး

ခံစစ်ကူနေရတာမျိုး မဟုတ်ပေမယ့်တဖက်အသင်း တိုက်စစ်ဆင်လာရင် နောက်ကို အပြည့်အဝ

ကူညီနိုင်ရမယ့် တာဝန်ရှိပါတယ်။ယူနိုက်တက် အသင်းမှာလည်း ဘယ်နောက်ခံနေရာမှာ တစ်နေရာစာ

အပိုင် ပါ၀င်ကစားခွင့် ရရှိထားတဲ့ လုခ်ရှောဟာ ဒီရာသီ မှာ အကောင်းဆုံး စွမ်းဆောင် ရည်တွေကို

ပြသထားပြီး ပရီးမီးယားလိဂ်ရဲ့ ရောဘတ်တိုကားလိုစ်လို့တောင် ချစ်စနိုး နဲ့

အခေါ်ခံနေရတာလည်း ဖြစ်ပါတယ်။လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပြထားကြတဲ့ ဥရောပတလွှား

အကောင်းဆုံး ဘယ်နောက်ခံလူ ၁၀ယောက် ထဲမှာတော့ ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ လိဂ်ပြိုင်ပွဲ

များ ပြီးဆုံး ချိန်မှာ အဆင့် ၅ နေရာမှာရပ်တည်ခဲ့ပြီး ယခု ယူရိုပြိုင် ပွဲ သို့ အရောက်မှာတော့

အဆင့် တွေ တက်သွားခဲ့တာ ကို တွေ့ရပါတယ်။

Design a site like this with WordPress.com
Get started