ပရိသတ်တွေကို မျက်စိလည်သွားစေမယ့် ပရော်ဖက်ရှယ်နယ် ဘောလုံးသမားတွေရဲ့ အမည်အရင်းများ

နာမည်မှာ ဘာနေဗျူး လို့ မှည့်ထားတဲ့ သူတစ်ယောက် က ဘာစီလိုနာ ရဲ့ အမာခံ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ ပါတယ် ။ အဲ့ဒါကတော့ ပီကေး ပါပဲ ၊ ပီကေး ရဲ့ အမည်အပြည့်အစုံက ဂျရတ်ပီကေး ဘာနေဗျူး ပါ ။ ထူးဆန်းတဲ့ ကိစ္စပဲ မဟုတ်လားဗျ ။ ဒါပေမယ့် ဒါက အရမ်းကြီး မထူးဆန်းပါဘူး ။ အခု ဆက်ပြီး ပြောပြမယ့် အကြောင်းကတော့ ပရိသတ်ကြီးတို့ကို မျက်စိလည်ပြီး လျှာတွေ လိပ်သွားစေ နိုင်တာကြောင့်ပါပဲ ။

ဒီနာမည် ၃ ခု ကို ကြည့်လိုက်ရအောင် . . . အက်ဆန်အန်တေဒို နာဆီမန်တို ၊ ရိုနာဒို ဒီ အဆစ် မိုရီယာ ၊ ရိုနာဒို လူးဝစ် နာဇာရီယို ဒီ လီမာ ။ ဘရာဇီး ရဲ့ ခေတ်တစ်ခေတ်စီက ဘောလုံး ဂန္ထဝင်တွေပါ ၊ အမည်ရင်းတွေကို ကြည့်ပြီး ဘယ်သူတွေလဲ ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး ။ ဒါပေမယ့် “ပီလီ” ၊ “ရော်နယ်ဒင်ညို” နဲ့ “ရိုနယ်ဒို” ဆိုတဲ့ အမည်တွေနဲ့ ဆိုရင်တော့ သူတို့တွေကို ပရိသတ်ကြီးတို့ ကောင်းကောင်း မှတ်မိကြမှာပါ ။

အချို့ ဘောလုံး သမားတွေကတော့ အမည်ရင်းတွေကို ကြည့်ပြီး ဘယ်သူ ဘယ်ဝါ ဆိုတာ ခန့်မှန်းလို့ ရနိုင်ကြပါတယ် ။ ဥပမာ ပြောရရင် လီယွန်နယ် အန်ဒရေစ့် မက်ဆီ ကူချီတီနီ ၊ ဒေးဗစ် ဂျိုးဆက် ဘက်ခမ်း ၊ ချားလ်

ဒါပေမယ့် အင်္ဂလန် က မဟုတ်တဲ့ ဘောလုံးသမား အများစုကတော့ သူတို့ရဲ့ အမည်အရင်းတွေကို သိပ်ပြီး သုံးလေ့ မရှိကြပါဘူး ။

ကယ်ဗင် လို့ ခေါ်ကြတဲ့ ပရီးမီးယားလိဂ် ကစားသမားလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ သူ့ရဲ့ အမည်အပြည့်အစုံကတော့ ကယ်ဗင် အော်ဟန်တေဂါ တမ်မရာဘီ ဘာကူမို အေဘရာဟမ် ပါ ။ ပရီးမီးယားလိဂ် ပရိသတ်တွေ ကတော့ သူ့ကို တမ်မီ အေဘရာဟမ် လို့ပဲ သိကြပါတယ် ။ ဒီအမည်အပြည့် အစုံကို ဂျာစီမှာ ထည့်ရိုက်လို့ မရနိုင်တာကတော့ အသေအချာပါပဲ ။

ဘရာဇီး ဘောလုံးသမား အများစုဟာ သူတို့ရဲ့ အမည်အရင်းတွေထက် Nickname တွေကို ပိုပြီး အသုံးများတတ် ပါတယ် ။ ဘောလုံး ကမ္ဘာကလည်း ဒီအမည်တွေကိုပဲ သိကြတာပါ ။ ဒါပေမယ့် ပတ်စ်ပိုစ့်တွေ ၊ နိုင်ငံသား ကတ်တွေ ၊ ရပ်ကွက်က နေထိုင်မှု ပုံစံ စာရွက်တွေမှာတော့ ဒီအမည်တွေကို သုံးလို့ မရပါဘူး ။ အမည်အရင်းကိုပဲ အပြည့်အစုံ ဖော်ပြရတာပါ ။ ဒါကြောင့် ပရိသတ်ကြီးတို့ အနေနဲ့ သူတို့ကို ရှာဖွေဖို့ ကိစ္စ ပေါ်လာခဲ့မယ် ဆိုရင် အမည်တွေကို သိထားဖို့ လိုအပ်မှာ သေချာပါတယ် ။

ဂျီဗန်နီလ်ဒို ဗီယာရာ ဒီ ဆူဆာ ဆိုတဲ့ အမည် နဲ့ ဘရာဇီးသား တစ်ယောက် ရှိပါတယ် ။ ဘယ်ခြေကန်ချက် အပြင်းဆုံးလို့ သတ်မှတ် ထားသလို သူ့ရဲ့ ကြံ့ခိုင်တောင့်တင်း လှတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံကြောင့်လည်း လူသိများကြပါတယ် ။ သူ့ရဲ့ ဘောလုံးကွင်းထဲက အမည်ကတော့ “Hulk” ပါ ။

အန်ဒါဆင် လူးဝစ် ဒီ ဆိုဇာ ဆိုတဲ့ ဘရာဇီးဖွား တစ်ယောက် ရှိပါသေးတယ် ။ အခုတော့ သူက ပေါ်တူဂီ နိုင်ငံသား အဖြစ် ခံယူလိုက်ပါပြီ ။ ချန်ပီယံလိဂ် ဖလား ကို မတူညီတဲ့ ကလပ် ၂ သင်း နဲ့ ရဖူးသလို ပရီးမီးယားလိဂ် ကိုလည်း လာကစားခဲ့ဖူးပါတယ် ။ သူကတော့ Deco ( ဒေကို ) ပါပဲ ။

နောက်တစ်ယောက် ကတော့ လူးဝစ် ကားလိုစ့် အယ်မေးဒါး ဒါ ကူနာ လို့ ခေါ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် မှာ ကစားခဲ့ပြီး အယောင်ပြ လှည့်ကွက်တွေ ၊ ခြေအနှုတ်အသိမ်းတွေ နဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ပေါ်တူဂီ တောင်ပံ ကစားသမားပါ ။ ရိုနယ်ဒို တော့မဟုတ်ပါဘူး ၊ ဒါမှမဟုတ် ခရစ္စတီယာနို ရိုနယ်ဒို ဒေါ့ဆန်းတိုစ့် အဗီရို မဟုတ်ပါဘူးလို့ ပြောရမလား . . . အခု ပြောနေတဲ့ သူကတော့ လူးဝစ် နာနီ ရဲ့ အမည်အရင်းပါ ။

ဒီတစ်ခါတော့ စပိန်ဘက်ကို လှည့်လိုက် ကြရအောင် . . . ။ ရီးရဲ မက်ဒရစ်မှာ ကစားပြီး ဘောလုံး အရည်အသွေး အရမ်း ထူးချွန်သူလို့ တင်စား ထားကြပါတယ် ။ သူ့ရဲ့ အမည်အရင်းက ဖရန်စစ္စကို ရိုမန် အာလာကွန် ဆွာရက်ဇ် ပါ ။ မရင်းနှီးကြဘူးမလား . . . ဒါပေမယ့် အစ္စကို လို့ ပြောလိုက်ရင်တော့ မျက်လုံးထဲမှာ တန်းပြီး ပေါ်လာမှာ အသေအချာပါပဲ ။

မားကိုစ့် အယ်ဗန်ဂျလိစတာ ဒယ် မိုရာစ့် . . . . ဘရာဇီး နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ် ရဖူးပြီး အေစီမီလန် ရဲ့ ဂန္ထဝင် ညာနောက်ခံလူကြီးပါ ။ ဒီလောက်ဆိုရင်တော့ အတော်များများ ရိပ်မိလောက်ကြပါပြီ ။ ဟုတ်ပါတယ် ။ မားကိုစ့် အယ်ဗန်ဂျလိစတာ ဒယ် မိုရာ့စ် ဆိုတာ Cafu ( ကာဖူး ) ရဲ့ အမည်အရင်းပါပဲ ။

ဘောလုံးပရိသတ်တွေ သိပ်ကြိုက်တဲ့ ပေါ်တူဂီ လူကြမ်းကြီး တစ်ယောက် ရှိပါတယ် ။ ဒီလို အစပေးလိုက်တာ နဲ့ အားလုံးက ကက်ပလာ လာဗာရန် ဒီလီမာ ဖာရဲရား ကို တန်းမြင် ကြမှာပါ ။ Pepe လို့ ထင်နေကြတာမလား . . . မိတ်ဆွေတို့ မမှားပါဘူး ၊ မှန်ပါတယ် ၊ အဲ့ဒါက ပီပီ ရဲ့ အမည်အရင်းပါပဲ ။

Leave a comment

Design a site like this with WordPress.com
Get started