ရိုးမားနည်းပြဘဝ ပထမဦးဆုံးပွဲမှာ ၁၀-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ မော်ရင်ဟို စပါယ်ရှယ်ဝမ်းလို့ နာမည်ကျော်တဲ့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲအဖြစ် မွန်တဲကာတီနီအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁၀-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ရိုးမားအသင်းအတွက် မာရိုရယ်က ၃ဂိုး ၊ မန်စီနီ ၊ ဇာနီရိုလို ၊ ကာလာဖီအိုရီ ၊ အူတိုဂို ၊ ဒီရာဝါယာ ၊ ပီရက်ဇ်နဲ့ ဒီဇီကိုတို့က တဂိုးစီ အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ခံစစ်အားသန်နည်းပြလို့ နာမည်ကျော်တဲ့ မော်ရင်ဟိုဟာ ရိုးမားနည်းပြဘဝ အဖွင့်ပွဲစဉ်မှာ ၁၀-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့်Continue reading “မော်ရင်ဟိုရဲ့ ရိုးမားအသင်းက စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ထင်ကြလားဗျ…?”