ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်တောင်ပံ ခံစစ်နေရာ အတွက် ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဘယ်နောက်ခံလူ နူနို မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး လက်ရှိမှာတော့ ကန်ဆယ်လို တဦးထဲသာ အားကိုးနေရတဲ့ အသင်းရဲ့ ဘယ်နောက်ခံလူ နေရာအတွက် ကစားသမားသစ် ခေါ်ယူဖို့ စတင် စဉ်းစားနေပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကန်ဆယ်လို ၊ ဇင်ချန်ကိုနဲ့ မန်ဒီတို့ကို ပိုင်ဆိုင်ထားပေမယ့်Continue reading “စပို့တင်း လူငယ် ဘယ်နောက်ခံလူ မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး”
Author Archives: Super Free Tips
အိပ်ပျော်နေတုန်း အာဘွားပေးခဲ့တဲ့ အသင်းဖော်ဟောင်းတစ်ဦးကို အားပါးတရ ရိုက်နှက်ခဲ့ဖူးတဲ့ မိုဗစ်
အသက်(၄၀)နား ကပ်လာနေပြီ ဖြစ်ပေမယ့်လည်း ကစားသမားဘဝကနေ အနားမယူသေးပဲ ဘောလုံးဆက်ကစားနေဆဲဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီိဗရာဟီမိုဗစ်ဟာ World Class အဆင့်ရှိ တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို ပြိုင်ဘက်ကစားသမားတွေသာမက အသင်းဖော်တွေပါ သတိထားဆက်ဆံရတဲ့ လူကြမ်းကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆွီဒင် ဝါရင့်တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့တာဖြစ်ပြီး အေဂျက်စ်မှာ ပါဝင်ကစားနေစဉ်တုန်းက မိုဗစ်နဲ့ (၂)နှစ်နီးပါးလောက် တွဲဖက်ကစားခဲ့ဖူးတဲ့ နယ်သာလန် နောက်ခံကစားသမားဟောင်း ဗန်ဒါမေဒီက မိုဗစ်နဲ့ သူရဲ့ကြား အမှတ်တရတွေ ရှိခဲ့တဲ့အကြောင်းကို ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဒါမေဒီက “ကျွန်တော်တို့နှစ်ယောက် အေဂျက်စ်အသင်းမှာ ပါဝင်ကစားခဲ့ကြတုန်းက အသင်းရဲ့ဘတ်စ်ကားမှာဆိုရင် ကျွန်တော်က အမြဲတမ်းလိုလို မိုဗစ်ရဲ့ ဘေးမှာပဲ ထိုင်နေကြပါ” “တစ်ကြိမ်မှာတော့ အသင်းဘတ်စ်ကားပေါ် သူအိပ်ပျော်နေတုန်း ကျွန်တော် သူ့ကို စနောက်ဖို့အတွက်Continue reading “အိပ်ပျော်နေတုန်း အာဘွားပေးခဲ့တဲ့ အသင်းဖော်ဟောင်းတစ်ဦးကို အားပါးတရ ရိုက်နှက်ခဲ့ဖူးတဲ့ မိုဗစ်”
ဆာကာအတွက်
Photo News!!! ယနေ့ည ၇နာရီခွဲအချိန်မှ စတင်ကာ ယှဉ်ပြိုင် ကစားနေတဲ့ ရိန်းဂျားအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ခြေစမ်းပွဲ မစတင်မီမှာ ရိန်းဂျားအသင်းဟာ ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လူငယ် တောင်ပံ ကစားသမား ဆာကာကို အားပေးတဲ့အနေနဲ့ ရိန်းဂျားအသင်းရဲ့ နည်းပြ ဂျာရတ် အပါအဝင် ကစားသမားတွေ အားလုံးရဲ့ လက်မှတ်တွေ ပါဝင်တဲ့ ရိန်းဂျားအင်္ကျီ တထည်ကို လက်ဆောင် ပေးခဲ့ကြောင်း သိရပါတယ်။ A Class Act Rangers FC 👏👏👏
ဂျီမီနက်ဇ်
Breaking News!!! ဦးခေါင်းခွံ ကွဲအက်ဒဏ်ရာကြောင့် ၈လနီးပါး ကြာအောင် အနားယူခဲ့ရတဲ့ ဝုဗ်အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ်ဟာ ယနေ့ည ၈နာရီခွဲ အချိန်မှာ ကစားမယ့် ဝုဗ်အသင်းနဲ့ ခရူဝီအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ ဝင်ရောက် ကစားတော့မယ်လို့ သိရပါတယ်။ Welcome Back Raul Jimenez
ဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအပါအဝင် ယူနိုက်တက်ကစားမဲ့ ခြေစမ်းပွဲစဉ်များ
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲထားခြင်းမရှိတဲ့ အသင်းသားတွေနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဂန္ဓဝင်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲကို ကစားသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် မက်ဂွိုင်းရား လုခ်ရှော ရပ်ရှ်ဖိုဒ့် ပေါ့ဘာ ဖာနန်ဒက်စ် လင်ဒီလော့ ဒီဂီယာ တွမ်မီနေးတို့ကို စေလွှတ်ထားခဲ့ရသလို ကိုပါအမေရိကပြိုင်ပွဲအတွက်ကိုလည်း ဖရက်ကို စေလွှတ်ထားရပါတယ်။ ဒီလိုကစားသမားတွေကလွဲပြီး ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ မာတာ မာတစ် ဂရင်းဝုဒ် တဲလက်စ် ဝမ်ဘစ်ဆာခါ ဒင်းဟန်ဒါဆန်တို့နဲ့ ရာသီကြိုလေ့ကျင့်ခန်းတွေကို လုပ်ဆောင်လို့နေပြီး လူငယ်ကစားသမားတွေနဲ့ အငှားပြည့်လို့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေမှာလည်း လာရောက်ပါဝင်လို့နေပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မစတင်ခင် ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ် (၅)ပွဲအထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကိုဗစ်ဂယက်တွေ ရှိနေတာကြောင့်Continue reading “ဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအပါအဝင် ယူနိုက်တက်ကစားမဲ့ ခြေစမ်းပွဲစဉ်များ”
ချာကာကို ခေါ်ယူဖို့ အတွက် အာဆင်နယ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ရိုးမား
ပေါ်တူဂီ နာမည်ကြီးနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီး ဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို ခပ်သွက်သွက် ပြုလုပ်နေတဲ့ စီးရီးအေကလပ် ရိုးမားအသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၈နှစ် အရွယ် ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်သလို နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားလိုတာကြောင့် အာဆင်နယ်အသင်းကို စွန့်ခွာဖို့ စဉ်းစားခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်လည်း တောင်းခံခဲ့ပါတယ်။ တဖက်မှာလည်း အာဆင်နယ်အသင်းဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ဖို့ စဉ်းစားထားတာကြောင့် ချာကာရဲ့ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုကိုContinue reading “ချာကာကို ခေါ်ယူဖို့ အတွက် အာဆင်နယ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ ရိုးမား”
စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ ဆန္ဒရှိနေတဲ့ ခွန်ဒဲလ်
ဆီဗီလာအသင်းရဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ခွန်ဒဲလ်ဟာ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းလာမယ့်အချိန်ကို စောင့်မျှော်နေတယ်လို့ စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ စပါးအသင်းဟာ ခွန်ဒဲလ်ကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းနေပေမယ့် ခွန်ဒဲလ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းကိုသာပြောင်းရွှေ့လိုနေတဲ့အပြင် လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားစိန်ခေါ်နိုင်ဖို့ တိုက်ပွဲဝင်လိုနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းအတွက် လာလီဂါ ၃၄ ပွဲကစားခဲ့သူ ခွန်ဒဲလ်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ စပါးအသင်းနည်းပြသစ် နူနိုဆန်တိုက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ ခွန်ဒဲလ်ကို လာလီဂါထိပ်သီး ရီးယဲလ်အသင်းကလည်း ပစ်မှတ်ထားနေလို့ ယူနိုက်တက်အသင်းအနေနဲ့ အဲဒီနှစ်သင်းနဲ့အပြိုင်ကြိုးပမ်းရမယ့်အနေအထားပါပဲ။
သာယာေနတဲ့ ဗာရက်တီ
Player News (Marco Verratti) ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂၀ ချန်ပီယံဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား မာကိုဗာရက်တီဟာ ကြာသပတေးနေ့မှာပဲ သူရဲ့ချစ်သူမိန်းကလေးနဲ့ပါ လက်ထပ်ဖြစ်ခဲ့ပြီး သူ့ဘဝအတွက် အကောင်းဆုံး ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ် Congratulations Marco!!!
စတိုင်အသစ်နဲ့
Photo News (Neymar) ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာကတော့ လာမယ့်ဘောလုံးရာသီသစ်ကို ဆံပင်ဒီဇိုင်းအသစ်နဲ့ ဖြတ်သန်းသွားတော့မှာဖြစ်ပါတယ် နေမာရဲ့ အမိုက်စား Hairstyle အသစ်ကို ဘယ်လိုထင်မြင်ပါသလဲဗျာ ???
လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကစတင်ပြီး စီးရီးအေမှာ အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခွင့်ကို တားမြစ်
Football Italia သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီနေကစတင်ပြီး အီတလီစီးရီးအေ ပြိုင်ပွဲအတွင်း စီးရီးအေကလပ်အသင်းတွေအနေနဲ့ အိမ်ကွင်းအဝေးကွင်း ဂျာစီတွေကို အစိမ်းရောင်သုံးစွဲခွင့် တားမြစ်သွားတော့မှာဖြစ်ပြီး တကယ်လို့ အစိမ်းရောင်ပါတဲ့ ဂျာစီကို ဝတ်ဆင်မယ့် ကလပ်အသင်းတွေ ရှိလာခဲ့မယ်ဆိုရင်တော့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ကလပ်အသင်းတွေအနေနဲ့ အိမ်ကွင်း ဒါမှမဟုတ် အဝေးကွင်းဂျာစီတွေကို အစိမ်းရောင်အသားပေး ဝတ်ဆင်တဲ့အခါ ပွဲစဉ်တွေကို တီဗီရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသစဉ်အတွင်း အသင်းတွေ ဝတ်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ဘောလုံးကွင်းက မြက်ခင်းပြင်အရောင်ကြား ရောရောနှောနှော ဖြစ်နေရတဲ့အတွက် တီဗီကနေ ကြည့်ရှုရသူတွေ အဆင်မပြေ ဖြစ်နေရတဲ့အတွက် လာမယ့်ဘောလုံးရာသီကနေ စတင်ပြီး အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခြင်းကို တားမြစ်လိုက်ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလို သတ်မှတ်ချက်တွေကြောင့် အိမ်ကွင်းဂျာစီအဖြစ်Continue reading “လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကစတင်ပြီး စီးရီးအေမှာ အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခွင့်ကို တားမြစ်”